(ခ)-မြောက်ဦးမြို့နယ်အတွင်းပညာရေးကောလိပ် အသစ် တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ပထမအကြိမ် ပြည်သူ့လွှတ်တော်သက်တမ်းတွင်မြောက်ဦး၊ ကျောက်တော်၊ မင်းပြာ၊ မြေပုံမြို့နယ် ခရိုင်အဖြစ် ဖွဲ့စည်းခွင့်ရခဲ့ပြီးလူဦးရေ ၈၃၀၀၀၀ ခန့်ပါရှိပါကြောင်း၊ထို့နောက် မြောက်ဦးခရိုင်သည်ပလက်ဝမြို့နယ်နှင့် ချင်းပြည်နယ်(တောင်ပိုင်း)နှင့်လည်း ဆက်စပ်နေပါကြောင်း၊မြောက်ဦးခရိုင်တွင်အ.မ.က ၄၃၈ ကျောင်း၊ မူလွန် ၂၁၁ ကျောင်း၊ မူခွဲ ၆၆ ကျောင်းရှိပြီးမူလတန်းကျောင်းသား ၁၁၀၀၀၀ ကျော်နှင့်အလယ်တန်းကျောင်းသား ၄၅၀၀၀ ရှိပါကြောင်း၊ မြန်မာပြည်တစ်နှံ့တစ်ပြားတွင် ကျေးလက်အောက်ခြေပြည်သူလူထုမှစပြီးအခြေခံပညာတတ်မြောက်ရန်အလွန်အရေးကြီးပါကြောင်း၊ ယခုလက်ရှိအစိုးရသစ်လက်ထက်တွင်၊ ပညာရေးသည်မူလတန်းကျောင်းများကို ကျေးလက်တောရွာအနှံ့တွင် ဖွင့်လှစ်လာသည့်အတွက် ဖွံ့ဖြိုးတိုးတက် လာသည်မှာကြည်နူးစွာတွေ့ရှိရပါကြောင်း၊သို့သော် အားနည်းချက်တစ်ခုမှာဆရာ/မ မလုံလောက်ခြင်း၊ ဆရာ/မများအနေဖြင့်ပညာရေးစွမ်းရည်နိမ့်ကျခြင်းများကိုလည်းတွေ့ရှိရပါကြောင်း၊ထို့ကြောင့် ပညာရေးကောလိပ်များများများဖွင့်လှစ်ပြီး အရည်အချင်းပြည့်သောဆရာ/မများကိုမွေးထုတ်နိုင်ရန်လိုအပ်ပါကြောင်း၊ရခိုင်ပြည်နယ် ကျောက်ဖြူပညာရေးကောလိပ်တွင်တက်ရောက်သည့် ကျောင်းသား/သူများကိုဝန်ဆောင်မှုမဖြည့်ဆည်းပေးနိုင်သည့်အတွက် ပြည်မဘက်ကိုသွားပြီး သင်တန်း တက်ရသည့်အခါ ငွေကုန်ကြေးကျများသည့်အပြင် ပညာရေးဆရာ/မများဆင့်ပွားသင်တန်းပေးခြင်းများမနိုင်မနင်းဖြစ်နေသည်ကိုတွေ့ရှိရပါကြောင်း၊ထို့ကြောင့် ရခိုင်ပြည်နယ်အတွက် လိုအပ်သည့် ဆရာ/မများမွေးထုတ်နိုင်ရန်အတွက် ပညာရေးကောလိပ်ကိုဖွင့်လိုက်ခြင်းအားဖြင့် ကျောက်ဖြူတွင်ရှိသည့်ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် (တောင်ပိုင်း)အတွက် ပညာရေးမျိုးဆက်များကိုမွေးမြူပေးရန်အတွက် အများကြီးအထောက် အကူပြုမည်ဟုယူဆပါကြောင်း၊ထို့ကြောင့် မိမိတို့အနေဖြင့် မြောက်ဦးခရိုင် မြောက်ဦးမြို့နယ်အတွင်းပညာရေးကောလိပ်အသစ်တစ်ခုဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်အစီအစဉ် ရှိပါကလည်းမည်သည့်ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်မည်ဆိုသည်ကိုသိရှိလိုပါကြောင်းမေးမြေးမြန်းပါသည်။