(က)-ချောက်မြို့တွင်အစိုးရနည်းပညာအထက်တန်း ကျောင်းတစ်ကျောင်း ဖွင့်လှစ် သင်ကြားပေးနိုင်မှု ရှိ /မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ေ
ချာက်မြို့နယ်သည် အပူပိုင်းဒေသဖြစ်သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးစသည့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် ခက်ခဲပါကြောင်း၊ တက္ကသိုလ်အသက်မွေး ဝမ်းကျောင်းများသို့ တိုက်ရိုက်သင်ကြားနိုင်ရေး (၁၀) တန်းအောင်ရန် သီးသန့်ကျောင်းများ၊ ကျူရှင်များ မတက်ရောက်နိုင်သော ငွေကြေးချို့တဲ့သည့် ကျောင်းသားများအတွက် တက္ကသိုလ်ပညာသင်ယူရန် ခက်ခဲပါကြောင်း၊ တက္ကသိုလ်ပညာများသင်ယူပြီး ဘွဲ့ရပြီးသော်လည်း အလုပ်များရရှိရန် ခက်ခဲမှုများ ကြုံတွေ့နေရပါသည့်အတွက်ကြောင့် မိဘများအနေဖြင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြုသော၊ ငွေကြေးအကုန်အကျသက်သာသော၊ ဘဝအတွက် လမ်းကြောင်းမှန် လျှောက်လှမ်းနိုင်သော ထောက်ပံ့မှုများပေးမည့် အစိုးရနည်းပညာအ ထက်တန်းကျောင်း တစ်ကျောင်း ချောက်မြို့တွင် ဖွင့်လှစ်သင်ကြားပေးရန် မျှော်လင့်နေကြပါကြောင်း၊
ယခု ဒီမိုကရေအစိုးရလက်ထက်တွင် အသက်မွေးဝမ်းကျောင်းကို တိုက်ရိုက်ထိရောက်စေမည့် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးရန် အထူးလိုအပ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် အစိုးရနည်းပညာအထက်တန်းကျောင်းအနေဖြင့် ၃၅ ကျောင်း ရှိသည့်အနက် မကွေး တိုင်းဒေသကြီး မကွေးနှင့် ပခုက္ကူနှစ်မြို့တွင်ရှိပြီး အခြေခံပညာအလယ်တန်းကျောင်း (၈)တန်းအောင်မြင် သူကနေပြီး GTHS ကျောင်းကို လျှောက်ထားခွင့်ရှိပါကြောင်း၊ တစ်နှစ်တွင် ကျောင်းသားဦးရေ ၃၂၀ အထိ ပညာသင်ကြားခွင့်ရရှိပါကြောင်း၊ နိုင်ငံတော်မှ ပညာသင်နှစ်နှစ်အတွက် ပညာသင်ကြားနေသည့် ကျောင်းသား/သူများကို တစ်လ ကျပ် ၃၀၀၀၀ ဖြင့် ထောက်ပံ့ပေးပါကြောင်း၊ စာမေးပွဲကျပါက ထောက်ပံ့ကြေး ရပ်ဆိုင်းမည်ဟုလည်း သိရှိရပါကြောင်း၊ အစိုးရနည်းပညာအထက် တန်းကျောင်း ဖွင့်လှစ်ပေးရန် ပထမပိုင်းအနေဖြင့် ဘတ်ဂျက်အခြေအနေ ၂၀၁၈-၁၉ ခုနှစ်မှ ကျောင်းဖွင့်နိုင်ရေးအတွက် GTI (ချောက်) တာဝန်ရှိသူနှင့် ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီးဌာနမှ ခွင့်ပြုပါက GTHS ကျောင်းကို တစ်နှစ်အတွက် GTI တွင် ပူးတွဲဖွင့်လှစ်ပေးရန် ကြိုးစားပေးမည် ဖြစ်ပါကြောင်း၊ သို့ပါ၍ ၂၀၁၈-၁၉ ဘတ်ဂျက်တွင်လည်း ထည့်သွင်းတင်ပြ ရယူပေးပါက GTHS ကျောင်း ဖွင့်နိုင်မည်ဖြစ်ပါကြောင်း၊
ဒုတိယပိုင်းအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တင်ပြသည့်အခါ ပြန်အပ်သည့်အသုံးစရိတ် စုစုပေါင်း ၂၄၀၁.၅၉၅ ဘီလီယံ ဖြစ်ကြောင်းနှင့် Cooperated Social Responsibility (CSR) လူမှုဖွံ့ဖြိုးရေး အထောက်အကူပြုလုပ်ငန်းများ ချောက်မြို့အပါအဝင် ခွင့်ပြုငွေများ မသုံးစွဲဖြစ်၍ ပြန်အမ်းငွေ ကျပ် ၆.၅၄၂ ဘီလီယံဖြစ်ပါကြောင်း၊ ထို့အပြင် ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ပြန်အပ်ငွေ ကျပ် ၁.၂၈၈ ဘီလီယံဖြစ်ပါကြောင်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် စစ်ဆေး တွေ့ရှိသော အစီရင်ခံစာအပေါ် သုံးသပ်အကြံပြုထားရာတွင် ပညာရေးကဏ္ဍတွင် လက်တွေ့အသုံးချနိုင် သည့် ပညာရေးဖြစ်စေ၊ နိုင်ငံတော်၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သည့် နည်းပညာအသက်မွေးဝမ်း ကျောင်းများဖန်တီးပေးရေး စသည့်ပညာရေးကဏ္ဍအသုံးစရိတ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံပေးရန် လိုအပ်ပါကြောင်း၊ သို့ပါ၍ နိုင်ငံတော်အတွက်အရေးကြီးသော ပညာရေးဝန်ကြီးဌာနအနေဖြင့် လိုအပ်သော ဘတ်ဂျက်များရရှိရန် အခြားဝန်ကြီး ဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး အစိုးရအဖွဲ့သို့ တင်ပြပေးစေလိုပါကြောင်း၊ ချောက်မြို့တွင် အစိုးရနည်းပညာအထက်တန်းကျောင်းတစ်ကျောင်း ဖွင့်လှစ်ပေးပါက ချောက်မြို့နယ်ရှိ ကျောင်းသားကျောင်းသူများသာမက အခြားမြို့နယ်များက ကျောင်းသားကျောင်းသူများ အသက်မွေးဝမ်း ကျောင်းပညာသင်ယူ တတ်မြောက်ကြမည်ဖြစ်သည့်အတွက် နိုင်ငံအတွက် များစွာ အကျိုးကျေးဇူးများ ရရှိ မည်ဖြစ်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့တွင်အစိုးရပညာအထက်တန်းကျောင်း တစ် ကျောင်း ဖွင့်လှစ်သင်ကြားပေးနိုင်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။