(ဂ)-နိုင်ငံအနှံ့ ကျေးရွာများတွင် တရားမဝင်ရော တရားဝင်ပါ ချက်နေကြသော ချက်အရက်များကို ထိန်းချုပ်ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-08-18

မေးခွန်း အကြောင်းအရာ 

myo zaw aungပြည်သူ့မူဝါဒတစ်ခုချမှတ်သည့်အခါတွင် အရက်ကို များများ သောက်စေချင်ပါက အလွယ်တကူရအောင် ဖန်တီးပေးထားပြီး ဈေးပေါအောင် လုပ်ထားပြီး နိုင်ငံတကာတွင် အရက်ကိုများများ မသောက်စေချင် သည့်အခါ လက်လှမ်းမမီအောင်လုပ်ထားပြီး ဈေးကြီးအောင် အခွန်နှုန်းများ တိုးမြှင့်ထားပါကြောင်း၊ မြန်မာနိုင်ငံတွင် ချက်အရက်နှစ်မျိုးရှိသည်ကို တွေ့ရပါကြောင်း၊ CS2 လို့ခေါ်သည့် Country အရက်များချက်လုပ်ခွင့်ကို  တရားဝင်ပေးထားသလို၊ တရားမဝင်လည်း အရမ်းပေါများနေပါကြောင်း၊ လိုင်စင်ကြေးလောက်သာရပြီး သောက်သုံးသည့်နေရာတွင် အခွန်ငွေတွေလည်း စီးစီးကြပ်ကြပ်မရှိသည့်အတွက်ကြောင့် ကျေးရွာများတွင် ဈေးပေါပေါနဲ့ ၎င်းအရက်များ ပေါများနေသည်ကိုတွေ့ရပါကြောင်း၊ Distillery နည်းနှင့် အရက်ချက်သည့် စက်ရုံများမှ ထွက်လာသည့်အရက်များသည် လိုင်စင်ပေးသည့် အချိန်တွင် သတ်မှတ်စည်းကမ်းများ မတင်းကြပ်၊ အားနည်းသည်ကို တွေ့ရပါကြောင်း၊ စက်ရုံတော်တော် များများသည် စက်မှုဂရန်မရှိ၊ သတ်မှတ်အချက်အလက်များ မပြည့်စုံဘဲနှင့်  လုပ်ငန်း လိုင်စင်လုပ်ရသည့်အတွက် ဈေးပေါပါကြောင်း၊ အရက်များသည် အရည်အသွေးမမှန်ဘဲ ဈေးကွက်ထဲတွင် ကျယ်ကျယ် ပြန့်ပြန့်ရောက်နေသည့်အတွက် လူမှုရေး ပြဿနာများ၊ ခိုက်ရန်ဖြစ်ပွားမှုများဖြစ်လာပါကြောင်း၊ မိသားစုထဲတွင် အကြမ်းဖက်မှုများ၊ စီးပွားရေးများကျဆင်းပြီး ကျန်းမာရေးဆိုးရွားလာပါကြောင်း၊  နိုင်ငံတော်မှသတ်မှတ်ထားသည့် အခွန်အခများ  ဝင်မှုအားနည်းလာသည့်အတွက် နိုင်ငံတော်အတွက် နစ်နာမှုအရမ်းကြီးမားပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ကျဆင်းလာပါကြောင်း၊ အရက်သောက်နှုန်း  မြင့်လာသည့်အတွက် နိုင်ငံ့အနှံကျေးရွာများတွင် တရားမဝင်နှင့် တရားဝင်ပါချက်နေကြသော ချက်အရက်များကို ထိန်းချုပ်ရန် အစီအစဉ် ရှိ/မရှိနှင်‌့စပ်လျဉ်း၍ မေးမြန်းပါသည်။