(စ)-ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ တည် ဆောက်ထားသော စားကျက်မြေကို မြို့မြေအဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-18

မေးခွန်း အကြောင်းအရာ 

nay linn tunဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ၁၉၅၃-၅၄ ခုနှစ်မှစ၍ တရားဝင်အသိအမှတ်ပြုအမည်ပေါက် ရွာလေးဖြစ်ပါကြောင်း၊ ၂၀၀၃ ခုနှစ်တွင် မြို့နယ်ခွဲအဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ်မှ ယနေ့အထိ မြို့အဖြစ် လည်းကောင်း အဆင့်တိုးမြှင့်သတ်မှတ်ထားခဲ့ပြီး ဖြစ်ပါကြောင်း၊ မြို့နယ်ခွဲမြို့အဖြစ် ၁၄ နှစ်ကြာ သက်တမ်းရှိ နေပြီဖြစ်သော်လည်း စားကျက်မြေမှ မြို့မြေအဖြစ်သို့ အားလုံးပြောင်းလဲ သတ်မှတ်ပေးခြင်းမရှိ သေးပါကြောင်း၊ မြို့မြေအဖြစ် သတ်မှတ်ပေးရန် ၁၇၅ ဧကခန့် ကျန်ရှိနေသေးပါကြောင်း ၊ အစိုးရရုံးအချို့၏မြေနေရာများကို စားကျက်မြေမှ မပယ်ဖျက်ရ သေးဟု သိရပါကြောင်း၊

ပြည်ကြီးမဏ္ဍိုင်မြို့သည် ရန်ကုန်-ကော့သောင်း ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ပိုမိုဖွံ့ဖြိုး တိုးတက်နေသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ မြို့နယ်ခွဲမြို့အဖြစ် တိုးမြှင့်သတ်မှတ်ချိန်တွင် မြို့၏ နယ်နိမိတ်၊ အတိုင်းအတာ၊ အကျယ်အဝန်းကို တိတိကျကျသတ်မှတ်ပြီး မြို့မြေအဖြစ် ပြောင်းလဲထားရှိပြီး ဆောင်ရွက် သင့်ပါကြောင်း၊ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးရေးကိစ္စ ဆောင်ရွက်နေသည့် တာဝန်ရှိသူ များသည် တစ်မြို့လုံးအတွက် တစ်ပြေးညီဆောင်ရွက်ပေးတာမျိုးမဟုတ်ဘဲ မြေနေရာ ခွဲခြားကန့်သတ်၍ ဆောင်ရွက် လျက်ရှိနေသည်ဟု  သိရပါကြောင်း၊ ထို့ကြောင့် မိမိတို့မြေနေရာ စားကျက်မြေအဖြစ်မှ ပယ်ဖျက်ရာတွင် မပါဝင်မှာကိုလည်း စိုးရိမ်ပူပန်နေကြပါကြောင်း၊ ပြည်ကြီးမဏ္ဍိုင်မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း သုံးကျောင်းနှင့် သုဿန်မြေများသည် ယနေ့အထိစားကျက်မြေမှာ မပယ်ဖျက်ရသေးပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ကြီးမဏ္ဍိုင်မြို့၏ တည်နေရာ၊ နယ်နိမိတ်အား စနစ်တကျ သတ်မှတ်ပြီးတော့ စားကျက်မြေအဖြစ်မှ မြို့မြေအဖြစ်သို့ အလုံးစုံပြောင်းလဲသတ်မှတ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။