(ဃ)-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အောက်ရှိဂွချောင်းကိုဆောက်လုပ်ရေးဝန်ကြီးဌာန အောက်သို့ လွှဲပြောင်း၍ ဖြစ်၊ မဖြစ် သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2017-08-21

မေးခွန်း အကြောင်းအရာ 

u myint waiရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိဂွချောင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင် သံတွဲမြို့မှဂွမြို့သို့ ဆက်သွယ်ထားသော ၈၃ မိုင်ရှည်လျားသည့် လမ်း၏အဆုံး ဂွမြို့နယ်ကျောက်ချွန်ကျေးရွာမှ မကျည်းခွံကျေးရွာသို့ ဆက်သွယ်ထားသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဦးစီးဌာနပိုင် ၉ မိုင် ၆ ဖာလုံရှည်လျားသော လမ်း၏အဆုံးတွင်ရှိပြီး ပေ ၁၃၀၀ ကျယ်ဝန်းပါကြောင်း၊ ၎င်းချောင်းသည် ကျေးလက်ဒေသဦးစီးဌာန အောက်တွင်ရှိပြီး ကျေးလက်ဒေသ ဦးစီးဌာန၏ တာဝန်ယူတံတားထိုး ပေးနိုင်သော ချောင်း၏အကျယ်သည် ပေ ၂၀၀ အောက်တွင် ရှိသည့်အတွက် တံတားဖြစ်လာနိုင်စရာ အကြောင်းမရှိပါသဖြင့် တာဝန်ယူဆောက်လုပ်ပေးနိုင်သော ဆောက်လုပ်ရေး‌ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်း၍ဖြစ်/မဖြစ်၊ ဖြစ်ပါက မည်သည့်အချိန်တွင် ပြောင်းလဲမည်၊ မဖြစ်ပါက မည်သည့်အတွက်ကြောင့် ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။