(ဆ)-မြေသိမ်းပိုက်မှုခံရခြင်းနှင့် ပတ်သက်၍ လယ်ယာမြေနှင့်အခြားမြေများသိမ်းဆည်းခံရ မှုများပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်းတရားစွဲ ဆိုနေခြင်းကိစ္စနှင့် ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2017-08-23

မေးခွန်း အကြောင်းအရာ 

u aung winနိုင်ငံအဝန်းတွင် မြေများသိမ်းပိုက်ကြရာတွင် သိမ်းပိုက်ပုံအမျိုးမျိုးရှိနိုင်ပါကြောင်း၊ သို့သော် မိမိတို့ဒေသတွင် မြေများသိမ်းပိုက်ရာတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ခြင်း မဟုတ်ပါကြောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ သိမ်းပိုက်ခဲ့ပါက အဆိုပါမြေဥပဒေ၏အခြေခံအားဖြင့် မြေသိမ်းခံရသူများ မနစ်နာစေရန် ကောလိ‌တ္တော်အရာရှိမှ အခြားမြေများအစားပေးရခြင်း၊ လျော်ကြေးများပေးရခြင်းများကို ဆောင်ရွက်ရပါကြောင်း၊ ယခု ထိုကဲ့သို့ဆောင်ရွက်ထားခြင်းမရှိသည့်အတွက် မြေသိမ်းပိုက်ခံရမှုများ ပေါ်ပေါက်ရခြင်းဖြစ်ပါကြောင်း၊ တည်ဆဲဥပဒေအရ သိမ်းပိုက်ထားခြင်းမဟုတ်သောမြေများကို ယခုအခါတွင် သိမ်းပိုက်ထားသောအဖွဲ့အစည်း များက၊ ပုဂ္ဂိုလ်များက လွှဲပြောင်းရရှိပြီး မြေများလက်ခံရရှိသည့်ပုဂ္ဂိုလ်များက အဆိုပါမြေများတွင် ဆက်လက်နေထိုင် နေကြသည့် တောင်သူလယ်သမားများကို တရားစွဲဆိုမှုများ အများအပြားပေါ်ပေါက်ခဲ့သည့်အတွက် မြေသိမ်းအဖွဲ့ အဆင့်ဆင့်၊ မြေသိမ်းများပြန်လည်စိစစ်ရေးအဖွဲ့အဆင့်ဆင့်ကစိစစ်ကြရာတွင် အောက်ပါအတိုင်း တွေ့ရှိရပါကြောင်း၊ မိမိတို့မြို့နယ်တွင် အဆိုပါမြေများသိမ်းပိုက်ခဲ့ကြရာတွင် မြေအားလုံးကို စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ခြင်းမရှိဘဲ မြေပို၊ မြေလွတ်များ အများအပြားကျန်ရှိနေပါကြောင်း၊ မြေသိမ်းခံရသော လယ်သမားများကလည်း အခြားနေစရာ လည်းမရှိ။ လုပ်စရာလည်းမရှိသည့်အတွက် ၎င်းမြေများတွင်သာ ဆက်လက်နေထိုင်လုပ်ကိုင်စားသောက် နေထိုင် ခဲ့ကြပါကြောင်း၊ ကနဦးကာလများတွင် သက်ဆိုင်ရာ မြေသိမ်းအဖွဲ့အစည်းများနှင့် မြေလက်ဝယ်ရှိသူများက သီးစားချထားပြီး အဆိုပါမြေများကို လယ်သမားများအား လုပ်ကိုင်စေပါကြောင်း၊ လယ်သမားများက မိမိတို့ ပိုင်ဆိုင်သောလယ်များကို မိမိတို့ကိုယ်တိုင် သီးစားချပေးပြီး ဆောင်ရွက်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် သိမ်းပိုက် မြေများကို သီးစားချထားခြင်းမပြုရဟူသောအမိန့် ထွက်ရှိလာသည့်အတွက် သီးစားချထားခြင်းများ မရှိတော့ ပါကြောင်း၊ သို့သော်လည်း တောင်သူလယ်သမားများက လယ်ယာမြေအစွန်အဖျားများ၊ လမ်းဘေးများ စသည်တို့တွင်နေထိုင်ပြီး ၎င်းလယ်များတွင်သာ ပဲခင်းများစိုက်ပျိုးပြီး စပါးနှင့်မြက်များကို ရောနှောရိတ်ကာ ရသမျှစပါးများကို စားသုံးကြရပါကြောင်း၊

ထို့ကြောင့် လယ်သမားများ၏ကိစ္စရပ်များကို မြေသိမ်းပိုက်ခံရမှုကိုပြန်လည်စိစစ်ရေးကော်မတီအဆင့်ဆင့်မှ စစ်ဆေး နေသည့်အချိန်တွင် မြေပိုင်ဆိုင်သူများ၊ မြေလက်ဝယ်ရှိသူများက တရားရုံးအဆင့်ဆင့်တွင် တရားစွဲဆိုကြသည့် အတွက် လယ်သမားများ ထောင်ဒဏ်ကျခံခြင်း၊ ဒဏ်ငွေအသီးသီးပေးခံရခြင်းများလည်း ဖြစ်ပေါ်ခဲ့ရပါကြောင်း၊ မိမိတို့မြို့နယ်တွင် ၁၉၉၆ ခုနှစ်၊ ၁၉၉၇ ခုနှစ်များတွင် MEC က မြေဧက ၂၂၅၈.၈၈ ကို သိမ်းပိုက်ခဲ့ပြီး မြေဧက ၈၀၀.၉၆ ဧကကို မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပါကြောင်း၊ ၎င်းဦးစီးဌာနမှ ပုဂ္ဂလိကအဆင့်ဆင့်သို့ လွှဲပြောင်းပြီး ဆောင်ရွက်ခဲ့ကြရာတွင် လယ်သမားများနှင့် ဆက်လက်ပြီး ပဋိပက္ခများဖြစ်ခဲ့သည့်အတွက် မြေများနှင့်ပတ်သက်ပြီး ဖြစ်ပေါ်နေသည့်အခြေအနေကို တည်ဆဲဥပဒေနှင့်အညီ သိမ်းဆည်းထားသော မြေများမဟုတ်ဘဲ သိမ်းဆည်းခံလယ်သမားများကို တည်ဆဲဥပဒေများနှင့် တရားစွဲဆိုနေခြင်းများသည် လျော်ကန်မှုရှိ/မရှိ။ မြေယာများအပေါ်တွင် အမှုကိစ္စတစ်ခုတည်းအပေါ်တွင် မြေသိမ်း သိမ်းပိုက်ထားသော ပုဂ္ဂိုလ်များဘက်က တရားရုံးများကလည်းကောင်း၊ သိမ်းပိုက်မြေများ ပြန်လည်စိစစ်ရေးအဖွဲ့မှလည်းကောင်း တစ်ပြိုင်တည်း စစ်ဆေးနေခြင်းကိုလည်း လျော်ကန်မှုရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။