(င)-ကျွန်းကလေးတံတား နေရာတွင် ၂ လမ်းသွား သံကူကွန်ကရစ်တံတားဖြင့်အစားထိုးတည်ဆောက် ပေးရန်၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင်လျာထားသတ် မှတ်ပေးနိုင်ခြင်း ရှိ/မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
ကျွန်းကလေးတံတား (တံတားအမှတ် (၃/၈၉))သည့် ကျွန်းကလေး- လက်ပံတန်း ဆောက်လုပ် ရေးပိုင်လမ်းပေါ်တွင်ရှိပြီး အရှည် ၁၃၀ ခန့်၊ အကျယ် ၁၂ ပေရှိသည့် သံဘေလီအမျိုးအစား တစ်လမ်းမောင်းတံတားဖြစ်ပါကြောင်း၊ တံတား၏သက်တမ်းကို တိတိကျကျမသိရသော်လည်း စာရေးဆရာ မန်းတင်၏ မြို့ပိုင်မောင်ပြုံးချိုရဲ့ဘဝ အထွေထွေစာအုပ်တွင် ကျွန်းကလေး တံတား ခေါင်းစဉ်ဖြင့် ဆောင်းပါးအရ ၁၉၄၂ ခုနှစ်တွင် ဂျပန်နှင့် ဘီအိုင်အေတပ်များ အင်္ဂလိပ်ကို တော်လှန်ချိန်တွင် ယခုကျွန်းကလေးတံတားကို မိုင်းခွဲချိုးဖျက်ဖျက်ဆီးခဲ့ဟူ၍ တွေ့ရှိပါကြောင်း၊ ၂၀၀၉-၂၀၁၀ ခုနှစ်တွင် တံတားကြီးသည် တဖြည်းဖြည်းနှင့် အလယ်ပိုင်းက ကွေးလာသည့် အတွက် သစ်သားထောက်များနှင့် ပြုပြင်သုံးစွဲနေရပြီ တံတား၏ ခံနိုင်ဝန်အားမှာ ၁၀ တန်မျှကပင် မရှိပါကြောင်း၊ ယခုအခါ မိမိတို့မြို့သို့ သွားရောက်ရာ၌ ရန်ကုန်- ပြည်လမ်းမှ ကြေးနီ တံတား အသစ်ဘက်က သွားရောက်နေရပါကြောင်း၊ ကျွန်းကလေးတံတားကို အသုံးပြုနိုင်ပါက ပေ ၁၁၀၀၊ ၁၂၀၀ ကြေးနီဘက်က သွားရောက်ပါက ခရီး တစ်မိုင်နှင့် သုံးဖာလုံရှိပါကြောင်း၊ ထို့ကြောင့် ကျွန်းကလေးတံတားကို သံကူကွန်ကရစ်ဖြင့် ခေတ်မီတံတားအဖြစ် တည်ဆောက် ပေးရန် အစီအစဉ် ရှိ/ မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။