(ဂ)-ရပ်စောက်မြို့နယ်၊ခုတင်(၅၀)ဆံ့ပြည်သူ့ဆေး ရုံကို ဆေးရုံအင်္ဂါရပ်များနှင့်အညီအထူးကုဆရာဝန် ကြီးများနှင့် လိုအပ်သောဝန်ထမ်းများပြည့်မီအောင် ခန့်ထားပေးရန်နှင့် ထရန်စဖော်မာ အသစ် တည် ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရန် နှင့် စပ်လျဉ်းသည့်မေးခွန်း

2017-08-29
မေးခွန်း အကြောင်းအရာ 

khin maung myintရပ်စောက်မြို့နယ်သည် အရှေ့နှင့်အနောက် ၃၈ မိုင်၊ တောင်နှင့်မြောက် ၈၇ မိုင်ကျော်ကျယ်ဝန်းပြီး ဧရိယာစတုရန်းမိုင် ၂၀၅၀ ခန့်ကျယ်ဝန်းပါကြောင်း၊ ရပ်ကွက် ၁၄ ရပ်ကွက်၊ ကျေးရွာ ၂၃၀ ပါရှိပြီး လူဦးရေ တစ်သိန်းငါးသောင်းကျော်  နေထိုင်လျက်ရှိပါကြောင်း၊ ၂၀၁၇ ခုနှစ် စာရင်းများအရ မြို့ပေါ်နေ လူဦးရေ ၁၀၇၈၈ ဦး၊ ကျေးလက်နေပြည်သူ ၁၃၂၃၅၅ ဦးရှိပြီး တစ်နှစ်အောက်ကလေး ၃၂၇၉ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၃၅၃၄ ဦး၊ ငါးနှစ်အောက်ကလေး ၁၀၄၃၈ ဦးရှိပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးသူငယ်များ အထူးကု ဆရာဝန်ကြီးများနှင့် ပြသကုသရန်လိုအပ်သည်‌့အခါ ရပ်စောက်မြို့နှင့် ၄၈ မိုင်ဝေးကွာသော တောင်ကြီးဆေးရုံသို့ သွားရောက်ကုသရပါကြောင်း၊ မြို့နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ ကျန်းမာရေးစောင့်ရှောက်ကုသမှုများကို အချိန်မီ ငွေကြေးအကုန်အကျသက်သာစွာဖြင့် ကုသနိုင်စေရန်နှင့် မလိုလားအပ်သော လူသားအရင်းအမြစ် ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန်အတွက် ကျန်းမာရေးကဏ္ဍစောင့်ရှောက်မှုများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ယခု ရပ်စောက်မြို့နယ် ပြည်သူ့ဆေးရုံသည် ခုတင်(၅၀)ဆံ့ ဆေးရုံဖြစ်သည်နှင်‌့အညီ ကျန်းမာရေးစောင့်ရှောက်ကုသမှုများ ပိုမိုဆောင်ရွက်နိုင်စေရန်အတွက် ကလေးအထူးကုဆရာဝန်ကြီးများ၊ သားဖွား မီးယပ်နှင့်အထူးကုဆရာဝန်ကြီးများ၊ လိုအပ်သောဝန်ထမ်းများကို ဒေသ၏လိုအပ်ချက်များအရ ဖွဲ့စည်းပုံများတိုးချဲ့၍ ဖြည်‌့ဆည်းဆောင်ရွက်ပေးရန်လည်း လိုအပ်လျက်ရှိနေပါကြောင်း၊ ၎င်းကဏ္ဍများအပြင် ခွဲစိတ်ကုသရေးလုပ်ငန်းများ၊ ဓာတ်မှန်ရိုက်ခြင်းလုပ်ငန်းများ အဆင်ပြေချောမောအောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် လျှပ်စစ်ဓာတ်အား သတ်မှတ်ဗို့အားများ ပြည့်မီနိုင်စေရန် ဓာတ်တိုင်၊ မီးကြိုးပြန်လည်ပြုပြင်ရန်နှင့် ထရန်စဖော်မာ အသစ်တည်ဆောက် ပေးရန်လည်း လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ် ခုတင်(၅၀)ဆံ့ပြည်သူ့ဆေးရုံ အင်္ဂါရပ်များနှင့်အညီ ဒေသ၏လိုအပ်ချက်များအရ (၁) ကလေး အထူးကုဆရာဝန်၊ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးများနှင့် လိုအပ်သော ဝန်ထမ်းများပြည်‌့မီစေရန် ခန့်ထားဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) ခွဲစိတ်ကုသရေးနှင့် အခြားသော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမောအောင်မြင်စေရန် ဆောင်ရွက်နိုင်စေရေးအတွက် ထရန် စဖော်မာအသစ်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။