(ခ)-(၃၃)ကေဗွီလိုင်း (၂)မိုင်နှင့် (၅) မိုင် အတွင်း ရှိသော လွယ်ကျန့်၊ တွန်တီး၊ ပုတ်ပြန်၊ လွိုင်ဖွီး၊ နမ့် ကျုတ်၊ ဝမ်လုံနှင့် ဟိုက်ဖတ် ကျေးရွာတို့အား NEP နှင့် KFW စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2017-08-30

မေးခွန်း အကြောင်းအရာ 

u htay lwinဝန်ကြီးဌာနအနေဖြင့် ကျေးရွာများမီးလင်းရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်တွင်လည်း ကျေးရွာမီးလင်‌းရေးအတွက်  NEP၊ KFW စီမံချက်များနှင့် ဆောင်ရွက်ပေး နေပါကြောင်း၊  ယခုလိုဆောင်ရွက်ပေးသည့်အခါတွင် ၁၁ ကေဗွီလိုင်း နှင့် ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိ ကျေးရွာများကို ထည့်သွင်းဆောင်ရွက်ပေးပြီး ၃၃ ကေဗွီ လိုင်း၏ ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိသော ကျေးရွာများကို ဆောင်ရွက်ပေးခြင်းမရှိသေးပါကြောင်း၊  ၃၃ ကေဗွီလိုင်း နှင့်၂ မိုင်အတွင်းမှာရှိသော ငွေရေးကြေးရေးတတ်နိုင်သည့် ကျေးရွာများတွင် ကိုယ်ထူကိုယ်ထမီးလင်းရေးဆောင်ရွက်နိုင်ပြီး ကျေးရွာအများစုသည် ဆင်းရဲသည့်ကျေးရွာများဖြစ်သည့်အတွက် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါ ကြောင်း၊ ကျေးရွာတစ်ရွာနှင်‌့တစ်ရွာ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေသည် များစွာကွာဟလျက်ရှိပါကြောင်း၊ ထို့ကြောင့်ကျေးရွာများ တစ်ရွာနှင်‌့တစ်ရွာ ဆင်းရဲ ချမ်းသာကွာဟမှုမရှိဘဲ အားလုံးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၁၁ ကေဗွီလိုင်းမှ ၂ မိုင်နှင့် ၅ မိုင်အတွင်းရှိ ကျေးရွာများအားလုံးကို NEP နှင့် KFW စီမံချက်များတွင် မီးလင်းရေး‌ဆောင်ရွက်ပေး သကဲ့သို့ ၃၃ ကေဗွီလိုင်းမှ ၂ မိုင်နှင့် ၅ မိုင်အတွင်းတည်ရှိသည့် ကျေးရွာများ၏ မီးလင်းရေးကိုလည်း NEP နှင့် KFW စီမံချက်များတွင် ထည့်သွင်းဆောင် ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက နမ့်စန်-မိုးနဲ ပြည်ထောင်စုလမ်းမဘေး နှစ်ဘက်တွက်ရှိသည့် လွယ်ကျန့်ကျေးရွာ၊ တွန်တီးကျေးရွာ၊ ပုတ်ပြန်ကျေးရွာ၊ လွိုင်ဖီးကျေးရွာ၊ နမ့်ကျုတ်ကျေးရွာ၊ ဝမ်လုံကျေးရွာနှင်‌့ ဟိုက်ဖက်ကျေးရွာများကို ဦးစားပေးဆောင်ရွက်ပေးရန် အစီအစဉ်များရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။