(ဇ)-ဗန်းမော်မြို့နယ်၊ နည်းပညာ တက္ကသိုလ်ရှိ အစိုးရပိုင်ကျောင်း အဆောင်များ ရေမီးအစုံရရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပပညာ လေ့လာနိုင်ရန်အတွက်Wi-Fiတပ်ဆင်ထုတ်လွှင့် ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2017-08-30

မေးခွန်း အကြောင်းအရာ 

zar ni minဗန်းမော်တက္ကသိုလ်သည် Main လမ်းမကြီး၏ တစ်မိုင်အတွင်း ခြုံများကြားတွင် တည်ဆောက်ထား ခြင်းဖြစ်ပါကြောင်း၊ လျှပ်စစ်မီးတိုင်များယိုင်နဲ့နေပြီး ကြိုးများလည်း ဖြစ်သလိုသွယ်တန်းထားပြီး မီးလုံးဝ မရှိသည့်အတွက် ကျောင်းသူ/ကျောင်းသားများ၏ လုံခြုံရေးအတွက် စိတ်မချရပါကြောင်း၊ မနှစ်ကဆိုရင် ဓားထိုးမှုဖြစ်ပွားခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဗန်းမော်မြို့ နည်းပညာတက္ကသိုလ်ရှိ အစိုးရပိုင် ယခုဆောက်လုပ်မည့် ကျောင်းဆောင်များ ရေ၊ မီးအစုံရရှိပြီး ကျောင်းသူကျောင်းသားများ ကျောင်းပြင်ပပညာလေ့လာနိုင်ရန်အတွက် Wi-Fi တပ်ဆင့် ထုတ်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်းပါသည်။