(က)-ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန(ရုံးချုပ်)အနေဖြင့် မော်လိုက်မြို့ ဆိပ်ကမ်းမြေထိန်းနံရံအား ၂၀၁၆ မြစ်ရေမတက်မီ အမြန်ဆုံး ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
2016-05-02
မေးခွန်း အကြောင်းအရာ
မော်လိုက်မြို့ အပါအဝင် အထက်လောင်းကောင်းကျေးရွာနှင့်အောက် ကြာအင်းကျေးရွာတို့တွင် မြစ်ကမ်း ပြိုကျမှုများ၊ လူနေအိမ်များ ပြိုကျပျက်စီးခြင်း၊ ရွာများပြောင်းရွေ့ရခြင်းများရှိသည့်အပြင် ဒေသခံများအတွက်လည်း စိုးရိမ်ဖွယ်ရာအနေအထား ရှိပါကြောင်း၊ ၂၀၁၅ မြစ်ရေကြီးမှုကြောင့် မော်လိုက်မြို့ ကုန်တင်ကုန်ချ အလုပ်သမားရုံးကြီးမှာလည်း ပြိုကျလုနီးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးချုပ်အနေဖြင့် မော်လိုက်မြို့ဆိပ်ကမ်းမြေထိန်းနံရံအား ၂၀၁၆ မြစ်ရေမတက်မီ အမြန်ဆုံးဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်နှင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကိုလည်းကောင်း၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။