(က)- မိုင်းရယ်မြို့နယ်ရှိ ပြည်သူများ အတွက် စိုက် ပျိုးရေနှင့်သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေခြင်း ကို နိုင်ငံတော် အစိုးရကမည်ကဲ့သို့ဆောင်ရွက်ပေး မည်ကိုသိရှိလိုပါကြောင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မိုင်းရယ် မြို့နယ်အတွင်း မိုင်းရယ်မြို့နှင့် သုံးမိုင်အကွာ နားဝါကျေးရွာအနောက်ဘက် (၁) မိုင်ခန့်အကွာ နမ့်မြိုင်ချောင်းပေါ်တွင် အမြင့် ၆၀ ပေခန့်ရှိ ရေလှောင်တမံများ တည်ဆောက်နိုင်သည့် အလားအလာများရှိကြောင်း၊ ရေလှောင်တမံ တည်ဆောက်နိုင်ရန် ဇလဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ မြေပြင်စူးစမ်းလေ့လာ တိုင်းတာခြင်းနှင့် ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်းများကို ရှမ်းပြည်နယ်အစိုးရနှင့် ပူးပေါင်း၍ ဆည်မြောင်းဦးစီးဌာနမှ ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရေလှောင်တမံ တည်ဆောက်ပေးရန် ဖြစ်မြောက်နိုင်စွမ်းရှိပါကလည်း ဘဏ္ဍာငွေတင်ပြတောင်းခံ ဆောင်ရွက်ပေးသွား မည်ဟုဖြေကြားသွားခဲ့ပါကြောင်း၊ အချိန်ကာလအားဖြင့် သုံးနှစ်ခန့် ကြာမြင့်ခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေ ငွေစာရင်းမှတ်ချက်အရ ရေလှောင်တမံ တည်ဆောက်နိုင်ရန် ရန်ပုံငွေလျာထားချက်နှင့် ဌာနမှဆောင်ရွက်မှု တစ်စုံတစ်ရာ မတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိုင်းရယ်မြို့နယ်ရှိ ပြည်သူများအတွက် စိုက်ပျိုးရေနှင့် သောက်သုံးရေအခက်အခဲ ဖြစ်ပေါ်နေခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာငွေတင်ပြတောင်းခံခြင်းရှိ/မရှိ မသိရှိရသည့်အပြင် မြေပြင်တွင်လည်း ဆောင်ရွက်မှုတစ်စုံတစ်ရာ မတွေ့ရှိရပါသဖြင့် မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ မိုင်းရယ်မြို့နယ်ရှိ ပြည်သူများအတွက် စိုက်ပျိုးရေနှင့်သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေမှုကို ပြေလည်စေရန် နိုင်ငံတော်အစိုးရကမည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။