(က)-ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မိုင်းရယ်မြို့နယ် အတွင်းရှိ မန်မုံကျေးလက် ကျန်းမာရေးဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ်သို့တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ရန် အတွက်မည်ကဲ့သို့စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကိုသိရှိလိုပါကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2016-05-04

မေးခွန်း အကြောင်းအရာ 

sai thiha kyawရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်၊ မန်မုံကျေးလက်ကျန်းမာရေး ဌာနအား တိုက်နယ်ဆေးရုံအဖြစ်သို့ တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိရေးကို ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဖွဲ့စည်းပုံ ခွင့်ပြုချက်ရရှိရေးအတွက် ယခင်လွှတ်တော် နဝမပုံမှန်အစည်းအဝေး (၂၂) ရက် မြောက်နေ့တွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြောကြားခဲ့ပါသည်။ မိမိမဲဆ န္ဒနယ်တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲကို ၂၉-၄-၂၀၁၆ ရက်နေ့တွင် ပြုလုပ်သည့်အခါ မိုင်းရယ်မြို့နယ်၊ မန်မုံကျေးရွာရှိ တိုက်နယ်ဆေးရုံကို တိုးချဲ့တည်ဆောက်ဖွင့်လှစ်ရေးနှင့် စပ်လျဉ်းပြီး ဒေသခံပြည်သူများက တင်ပြမေးမြန်းခဲ့ကြပါကြောင်း၊ သက်ဆိုင်ရာမြို့နယ်ဆရာဝန်က မန်မုံကျေးလက် ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ်ဖွဲ့စည်းရန် ခွင့်ပြုချက်ရထားပြီး ဆရာမနှစ်ဦးလည်း ရောက်ရှိပြီဖြစ်ကြောင်း၊ သို့သော်လည်း ယနေ့ထိတိုင် တိုက်နယ်ဆေးရုံနှင့် သက်ဆိုင်သည့် အဆောက်အဦတစ်ခုမျှ ဆောက်လုပ်မှုမရှိသေးပါကြောင်း၊ ဆောင်ရွက်ချက်တစ်စုံတစ်ရာ မတွေ့ရှိသည့်အတွက် ဒေသခံပြည်သူများကမျှော်လင့်နေလျက်ရှိပါကြောင်း သို့ဖြစ်ပါ၍ အဆောက်အဦများ ဆောက်လုပ်ဖွင့်လှစ် ပေးနိုင်ရေးအတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် မည်သည့်အချိန်တွင် အပြီးသတ်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။