(ဂ)-မောက်မယ်မြို့နယ်၊ ကဒူးလေးကျေးရွာရှိ နမ့် ဟုတ်သစ်ရိုက်ကျောက်ဖြည့်ဆည်အားကွန်ကရစ် ဆည် အဖြစ်ဆောင်ရွက်ပေးမည့်အစီအစဉ်နှင့်က ဒူးလေးကျေးရွာရေဝေမြောင်းလက်တံအားကျောက် စီ ရေသွယ်မြောင်းဖြင့် ရေထိန်းတံခါးအား ဆောင် ရွက်ပေးမည့်အစီအစဉ်နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
နမ့်ဟုတ်ရေထွက်ကို အမှီပြုထားသော နမ့်ဟုတ်ဆည်သည် န.ပ.တ အစိုးရလက်ထက်တွင် တည်ဆောက်ပေးခဲ့သည့် သစ်ရိုက်ကျောက်ဖြည့်ဆည် အမျိုးအစားဖြစ်ပါကြောင်း၊ မောက်မယ်မြို့နယ်၏ ဒေသထွက်ကုန်ဖြစ်သော ဥယျာဉ်ခြံသီးနှံ တစ်ခုဖြစ် သည့် ရှောက်ချိုသီးခြံများနှင့် လယ်ယာလုပ်ငန်းခွင်အတွက် အားကိုးရသော ဆည်တစ်ခုဖြစ်ပါကြောင်း၊ ဤချောင်းမြေပေါ်တွင် ကျေးရွာများမှ သောက်သုံးရေအဖြစ် ထုတ်ယူသုံးစွဲနေကြရပါကြောင်း၊ ယခုအခါ ဆည်၏ကျောက်ဖြစ်နံရံများပြိုကျခြင်းကြောင့် စနစ် တကျရေခွဲဝေပေးနိုင်သည့်အနေ အထားမရှိသည့်အတွက ေ်တာင်သူများမှ နှစ်စဉ်ပြုပြင်မွမ်းမံနေကြရသည့်အပြင် ကဒူးလေး ကျေးရွာ ရေဝေမြောင်းလက်တံမှာလည်း လက်ရှိလယ်/ယာမြေ ထက် ပိုမိုနိမ့်နေသဖြင့် ရွာသူ/သားများမှ ကိုယ့်အားကိုယ်ကိုး စနစ်ဖြင့် နှစ်စဉ်ကျောက်စီ နံရံဆောင်ရွက်နေကြရပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ နမ္မတူကျေးရွာအုပ်စု ကဒူးလေးကျေးရွာရှိ နမ့်ဟုတ်ဆည် (ခေါ်) နမ့်ဟုတ် သစ်ရိုက်ကျောက် ဖြည့်ဆည်အား ကွန်ကရစ်ဆည်အဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်ရှိ/မရှိနှင့် ကဒူးလေးကျေးရွာ ရေဝေမြောင်း လက်တံအား ကျောက်စီရေသွယ်မြောင်း ရေထိန်းတံခါးတို့ဖြင့် စနစ် တကျ ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်ရှိ/မရှိကိုလည်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။