(က)-တရားဥပဒေစိုးမိုးရေးအားကောင်းလာစေရန် အတွက် ၂၀၁၂ ခုနှစ်ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးဥပဒေကိုပြည်သူ့ဆန္ဒနှင့်အညီပြန် လည် ရေးဆွဲရန် အစီအစဉ် ရှိ/မရှိ နှင် စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
လက်ရှိ ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေသည် အခြေခံပြည်သူလူထု အများစု နေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာများတွင် တရားဥပဒေစိုးမိုးရေးမှာလွန်စွာ အားနည်းပါကြောင်း၊ ဥပမာ အိမ်ထောင်စု ၁၀၀ ရှိသော ကျေးရွာအုပ်စုတစ်ခုတွင် ဆယ်အိမ်မှူး ၁၀ ဦး ရှိရာ အုပ်ချုပ်ရေးမှူးဖြစ်လိုသူ (၁)ဦးသည် ဆယ်အိမ်မှူး (၅)ဦးကို လာဘ်ပေးလာဘ်ယူ ပြုလုပ်ရုံဖြင့် အုပ်ချုပ်ရေးမှူး ဖြစ်ပါကြောင်း၊ လူနည်းစုကို လာဘ်ပေးလာဘ်ယူပြုပြီး လွယ်ကူစွာအုပ်ချုပ်ရေးမှူး ဖြစ်သူများသည် မည်သည့်ဥပဒေကိုမျှ မလေးစားခြင်း မရှိကြပါကြောင်း၊ အကယ်၍ တစ်အိမ်ထောင် တစ်မဲစနစ်ဖြင့် ကျင့်သုံးကြည့်မည်ဆိုပါက အုပ်ချုပ်ရေး ရေးဆွဲမည်ဆိုလျှင် လွယ်ကူစွာလာဘ်ပေး လာဘ်ယူမှုဖြင့် အုပ်ချုပ်ရေးမှူး မဖြစ်နိုင်ပါကြောင်း၊ အများဆန္ဒဖြင့် ရွေးချယ်သည့်အတွက် တရားဥပဒေစိုးမိုးရေးလည်း အားကောင်းလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တရားဥပဒေစိုးမိုးရေး အားကောင်းလာစေရန်အတွက် ၂၀၁၂ ခုနှစ်၊ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ပြန်လည်ရေးဆွဲရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။