(ခ)-စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့နယ်သည် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံ မှုကြောင့် ပျက်စီး သွားသော လယ်မြေ ဧက (၄၀၀၀)ကျော် ရေပေးဝေနိုင်သည့် မြောင်းချောင်း ဆည်အားပြန်လည်ပြုပြင် ထိန်းသိမ်းရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် လွန်ခဲ့သော ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုကြောင့် လယ်ယာဧက (၈၀၀၀၀) ကျော်နှင့်အတူ နတ်တံခါးဆည် မြောင်းချောင်းဆည်များနှင့် လယ်ရေသွင်းရေ ထွက် မြောင်းများပါ မကျန် ပျက်စီး ဆုံးရှုံးရပါကြောင်း၊ နတ်တံခါးဆည်သည် လယ်မြေဧက (၂၀၀၀)ကျော်ကိုလည်းကောင်း၊ မြောင်းချောင်းဆည်သည် လယ်မြေဧက (၄၀၀၀) ကျော်ကိုလည်းကောင်း ရေပေးဝေနေသော ဆည်များ ဖြစ်ကြပါကြောင်း၊ လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးသည် ဘတ်ဂျတ်၌ နတ်တံခါးဆည်ကို ပြန်လည်တူးဖော်လျာထားကြောင်း သိရသော်လည်း မြောင်းချောင်းဆည်အတွက် တစ်စုံတစ်ရာပြုပြင် ထိန်းသိမ်းမည်ဖြစ်ကြောင်း ကြားသိရခြင်းမရှိ သည့် အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကလေးမြို့နယ်အတွင်းရှိ တောင်သူလယ်သမားအတွက် အရေးပါလှသော ဆည်များ၊ ရေသွင်းရေထုတ် မြောင်းများကို ဦးစားပေးအဆင့်သတ်မှတ်၍ အဓိကအားဖြင့် လယ်မြေဧက (၄၀၀၀)ကျော် ကို ရေပေးဝေနေသော “မြောင်းချောင်း” ဆည်အား တူးဖော်ပြုပြင် ထိန်းသိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။