(က)-ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်ရှိ နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းဖြတ်ကျေးရွာအုပ်စု၊ မိုင်း တင်း၊လန်းဆတ်ကျေးရွာအုပ်စု၊မိုင်းဟဲကျေးရွာအုပ် စုတို့အတွက် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ဆောင် ရွက်ပေးနိုင်ရန်နှင့် စပ်လျဉ်းသည့် မေးခွန်း

2016-05-12

မေးခွန်း အကြောင်းအရာ 

lin zaw tunမိမိတို့ မိုင်းဖြတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၏ မြို့တော်ဖြစ်သည့် ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့ကြားတွင်ရှိသည့် မြို့တစ်မြို့ဖြစ်သော်လည်း အစစအရာရာ ဖွံ့ဖြိုးမှုနောက်ကျခဲ့ပါကြောင်း၊ မိုင်းဖြတ်မြို့နယ်၏ အကျယ်အဝန်းမှာ ၇၉၆.၈၃ စတုရန်းမိုင်ရှိပြီး မြို့နေလူဦးရေ ၁၃၄၄၂ ဦးနှင့် တောင်ပေါ် ဒေသလူဦးရေ ၁၇၅၁၇ ဦးခန့်ရှိသည့်အတွက် တောင်ပေါ်ဒေသနေလူဦးရေမှာ ပိုမိုများပြားခြင်းကြောင့် မိုင်းဖြတ်မြို့နယ်အတွင်း MPT၊ OOREDOO နှင့် TELENOR  စုစုပေါင်း (၃) တိုင် ရှိပါကြောင်း၊ မြို့အတွင်းတွင် နီးကပ်စွာ တည်ရှိသည့်အတွက် တိုင်တစ်တိုင် ၅ မိုင်ပတ်လည်သာ/ လွှမ်းခြုံမှုရှိကြောင်း သိရှိရပြီး တောင်ပေါ်ဒေသများဖြစ်သည့် နမ့်ပန်ကျေးရွာအုပ်စု၊ မိုင်းတင်း၊ လန်းဆတ်ကျေးရွာအုပ်စု၊ မိုင်းဟဲကျေးရွာအုပ်စုများသာမက မြေပြန့်ဒေသဖြစ်သည့် မိုင်းဖြတ်ကျေးရွာ အုပ်စုများသည်လည်း ယနေ့အချိန်အထိ ဖုန်းလိုင်းဆက်သွယ်ရန် ခက်ခဲလျက်ရှိ ပါကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့ ညနေ ၃ နာရီခန့်နှင့် မေလ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် လေပြင်းတိုက်ခတ်သည့်အတွက် တောင်ပေါ်ဒေသ ကျေးရွာအုပ်စုများ၏ အခြေအနေကို စုံစမ်းရာတွင် ဖုန်းလိုင်းအခက်အခဲရှိသည့်အတွက် လူများစေလွှတ်ပြီး မှသာ ကျေးရွာများ၏အခြေအနေကို သိရှိခဲ့ရပါကြောင်း၊ ထို့ကြောင့် ကျေးရွာအုပ်စုအတွင်း သာရေး၊ နာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်ကိစ္စရပ်များ ကြုံတွေ့လာပါက ဆက်သွယ်မှု လွယ်ကူစေရန်အတွက် ဖုန်းလိုင်းများရရှိအောင် စီစဉ်ဆောင်ရွက်ပေးပါရန်နှင့် အစီအစဉ်ရှိပါကလည်း မည်သည့်အချိန်တွင် စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။