(ဂ)-ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာ၌ တိုက်နယ်ဆေးရုံတစ်ခု တည်ဆောက်ပေးရန်အစီ အစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန် တွင်ဆောင်ရွက်ပေးမည်ကိုသိလိုခြင်းနှင့်စပ်လျဉ်း သည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရသေ့တောင်မြို့နယ်သည် ရခိုင်ပြည်နယ်(မြောက်ပိုင်း)တွင် တည်ရှိပြီး ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံး မြို့တစ်မြို့ဖြစ်ပြီး ရေလမ်းခရီးတစ်ခုတည်းကိုသာ အားကိုးအားထားပြုပြီး သွားလာနေကြခြင်းဖြစ်ပါကြောင်း၊ မိုးရာသီတွင်လည်း ရာသီဥတု အလွန်ဆိုးရွားသည့် ဒဏ်ကို ခံစားရပါကြောင်း၊ ရသေ့တောင်မြို့နယ်တွင် လူဦးရေ ၂၀၀၀၀၀ နီးပါးနေထိုင်ပြီး တိုက်နယ် လေးခုရှိပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရသေ့တောင်မြို့နယ် ဆေးရုံတစ်ခုနှင့် စေတီပင်တိုက်နယ်ဆေးရုံတစ်ရုံသာ ရှိပါကြောင်း၊ ကျန်းမာရေးစောင့် ရှောက်ခံရမှုမှာ အားနည်းသည်ဟု ဆိုနိုင်ပါကြောင်း၊ ရသေ့တောင်မြို့နယ်၏ မြောက်ဘက်ရှိ ကျောက်တန်းကျေးရွာသည်တိုက်နေခေါင်းဆောင်သော ကျေးရွာ ကြီးဖြစ်ပါကြောင်း၊ ကျောက်တန်းကျေးရွာကိုအနီးအနားဝန်းတွင် ဒေးဆေးနေရော် အခြေပြုနေထိုင်လျက်ရှိကြပြီး လူဦးရေးအားဖြင့် ၄၀၀၀၀ ကျော်နေထိုင်လျက်ရှိပါကြောင်း၊ ကျောက်တန်းကျေးရွာ တိုက်နယ်တစ်ခုလုံးရှိ ကျေးရွာသူ ကျေးရွာသားများသည် ရေမိုင် ၂၀ ခန့်ကွာဝေးသည့် ရသေ့တောင်မြို့နယ် ဆေးရုံကို အဓိကအားကိုး အားထားပြုနေရပါကြောင်း၊ ကျန်းမာရေးကိစ္စများ ပေါ်ပေါက်လာသည့်အခါ မြို့နယ်ဆေးရုံကိုသွားရန် စက်လှေစရိတ်ကြီးမြင့်မှုနှင့် ကူးတို့ စက်လှေများမှာလည်း တစ်နေ့လျှင် တစ်ကြိမ်ခန့်သာ သွားလာရပါကြောင်း၊ သွားလာချိန်သည်လည်း ၅ နာရီ လောက်ကြာ မြို့နယ်ဆေးရုံသို့ အချိန်မီ ရောက်ရှိနိုင်ခြင်းမရှိဘဲ အသက်ဆုံးရှုံးမှုများ မကြာခဏ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် မိမိတို့ ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။