(က)-မြန်မာနိုင်ငံသည် အခမဲ့မူလတန်း ပညာရေး စနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်ရာ ဘုန်းတော်ကြီး သင်ပညာရေး ဆရာ/ဆရာမများ၏လစာကိုအစိုးရ မူလတန်းဆရာ/ဆရာမများနည်းတူတိုးမြှင့်ရန်အစီ အစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2016-05-18

မေးခွန်း အကြောင်းအရာ 

u kan ooမိမိတို့မြန်မာနိုင်ငံသည် အခမဲ့မူလတန်းပညာရေးစနစ်ကို စတင်ကျင့်သုံးနေပြီဖြစ်ပါကြောင်း၊ ထို့ပြင် ဘကပညာရေး စနစ်သင်လည်း တွဲဖက်သင်နေရပါကြောင်း၊ ဘကပညာရေးစနစ်ကို သင်ရခြင်း၏ အကြောင်းမှာ (၁) ကျောင်းအဆောက်အဦများ ပြည့်စုံစွာဆောက်လုပ်မပေးနိုင်ခြင်း၊ (၂) သင်‌ကြားမှုအ‌ထောက်အကူ ပစ္စည်းများ မပံ့ပိုးနိုင်ခြင်း၊ (၃) ဆရာဆရာမများလုံလောက်စွာ မခန့်ထားနိုင်ခြင်းတို့ကြောင့် ဘကပညာရေးစနစ်ဖြင့် တွဲဖက် သင်ကြားနေရခြင်းဖြစ်ပါကြောင်း၊ ဘကဆရာ/မများ၏ လစာသည်လည်း ပျမ်းမျှခြင်းအားဖြင့် ၃၀၀၀၀ ကျပ် သာဖြစ်၍ ဆရာ/မများ စားဝတ်နေရေးအတွက် အခြားစီးပွားရေးလုပ်ငန်းများ တွဲဖက်လုပ်နေရခြင်းဖြစ်ပါကြောင်း၊ ပညာသင်ကြားပို့ချခြင်း လုပ်ငန်းတွင်လည်း အလွန်အားနည်းနေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ကလေးငယ်များ၏ ပညာသင်ကြားရေး မြင့်တက်အောင် ဆရာ/မများ အားသွန်ခွန်စိုက် လုပ်နိုင်ရန်အတွက် ဘကဆရာ/မများ၏ လစာကို အစိုးရဆရာ/မများ နည်းတူတိုးမြှင့် ပေးဆောင်နိုင်မှုရှိ/မရှိ၊ ဘကဆရာ/မများကို တရားဝင် အစိုးရ ဆရာ/မများအဖြစ် ခန့်ထားပေးနိုင်မှု အစီအစဉ်ရှိ/မရှိနှင့် ကျောင်းသား/သူ ၅၀ ထက်ပိုသော ဘကကျောင်းများကို တရားဝင်အစိုး ရမူလတန်းကျောင်းများ အဆင့်သို့ တိုးမြှင့်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်း ပါသည်။