(ခ)-သာစည်မြို့နယ်၊ ညောင်ရမ်း ကျေးရွာတွင်(၃၃ KVA)ဓာတ်အားခွဲရုံတစ်ခုတည်ဆောက်ပေးရန်အ စီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
2016-05-20
မေးခွန်း အကြောင်းအရာ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၏တောင်ဘက် ရှစ်မိုင်ခန့်အကွာတွင် ရှိသော ညောင်ရမ်းကျေးရွာသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်မှစပြီး ကိုယ့်အားကိုယ်ကိုးဖြင့် လျှပ်စစ် မီးလင်းရေးအတွက် ၁၁ KV ဓာတ်အားခွဲရုံဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ထို့အတူ ၎င်းလိုင်းပေါ်မှ ကျေးရွာပေါင်း ၁၀ ရွာ ခန့်ကလည်း ကိုယ့်အားကိုယ်ကိုးဖြင့် လျှပ်စစ်မီးလင်းနိုင်ရေး ဆောင်ရွက်ခဲ့၍ မီးလင်းသွား ပြီဖြစ်ပါကြောင်း၊ သို့သော် ညောင်ရမ်းကျေးရွာအနီး ပတ်ဝန်းကျင်တွင်ရှိသော အခြားကျေးရွာ ၂၀ ကျော်ခန့်တွင် ၁၁ KV လိုင်းပေါ်မှထပ်မံ၍ မီးသွယ်တန်းရာတွင် အခက်အခဲရှိနေပါကြောင်း၊ ထို့ကြောင့် သာစည် မြို့နယ်၊ ညောင်ရမ်းကျေးရွာမှာ ၃၃ KVA ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။