(က)-စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာ-သက္ကယ်ကျင်း -ဖောင်းပြင်-ဟုမ္မလင်း-ခန္တီး-ဗျူ ဟာ ကားလမ်းမ ကြီးဖောက် လုပ်နေမှုအစီအစဉ်နှင့်ရာသီမရွေး သွားနိုင်သော လမ်းမကြီးအဖြစ်မည်သည့်အချိန် တွင်ဖောက်လုပ် ပြီးစီးရန်အချိန် သတ်မှတ်မှုရှိ/ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u myo nyuntဟုမ္မလင်း-ခန္တီးဒေသရှိ ပြည်သူများသည် ချင်းတွင်းမြစ်ရေကြောင်းလမ်းကိုသာ အဓိကထား သွားလာနေရ ပါကြောင်း၊ သို့သော် ရေကြောင်းလမ်းရှိသော်လည်း သာမန်ပြည်သူအများစုတွင် ဝန်ဆောင်ခမတတ်နိုင် သည့်အတွက် သွားလာနိုင်ခြင်းမရှိပါကြောင်း၊ ယခုအခါ ချင်းတွင်းမြစ်ကြီးမှာလည်း နွေအခါ ပုံမော်တော်ကြီးများနှင့်ပင် သွားလာရန်ခက်ခဲပါသဖြင့် လူစီးရှပ်ပြေး မော်တော်ယာဉ်များသာ ပြေးဆွဲနိုင် ပါကြောင်း၊ မိမိတို့ ချင်းတွင်းအထက်ပိုင်းရှိ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးစသည်တို့မှာ မုံရွာမြို့ကြီးကို အဓိကမှီခိုအားထားနေရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ရန်နှင့် ဒေသထွက်ကုန်များ စီးဆင်းမှုမြန်ဆန်စေရန်အတွက် တိုင်းအစိုးရရုံးစိုက်ရာ မုံရွာမြို့နှင့် ရာသီမရွေး ဆက်သွယ်သွားလာနိုင်သော ကားလမ်းမကြီးတစ်ခု ရှိရန်လိုအပ်ပါကြောင်း၊ ၁၉၉၆ ခုနှစ် မြေသားလမ်းမကြီး အဆင့်သာတည်ရှိပြီး ယနေ့အချိန်အထိ ထိုလမ်းမကြီးသည် နွေရာသီမှသာ သွားလာနိုင်သော လမ်းအဆင့်ရှိနေပါကြောင်း၊ ၎င်း လမ်းမကြီးကို ရာသီမရွေးသွားလာနိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုမြန်ဆန်ပြီး မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ ဗျူဟာလမ်းမကြီး ဖောက်လုပ်နေမှု အစီအစဉ်နှင့် ရာသီနေ့ညမရွေး သွားလာနိုင်သည့် လမ်းမကြီးအဖြစ် မည်သည့်နှစ်ကာလ အပိုင်းအခြားအတွင်း ဖောက်လုပ်ပြီးစီးရန် အချိန်သတ်မှတ်မှု ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။