(ဂ)-သာစည်မြို့နယ်အတွင်းရှိသာစည်-ညောင်ရမ်း ဆက်သွယ်ထားသောကျောက်ချောလမ်းမကြီးအား ကတ္တရာလမ်းအဖြစ်အဆင့်မြှင့်တင်ဖောက်လုပ်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u than soeသာစည်မြို့နယ်၏ တောင်ဘက်ညောင်ရမ်းတိုက်နယ်တွင် ကျေးရွာပေါင်း ၇၁ ရွာရှိပြီး အဆိုပါကျေးရွာတွင် ကျေးလက်နေ ပြည်သူများသည် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများတွင် သာစည်-ညောင်ရမ်း ဆက်သွယ် ထားသော ကျောက်ချောလမ်း အား အဓိကထား၍ အသုံးပြုသွားလာပါကြောင်း၊ သို့သော် သာစည်-ညောင်ရမ်း လမ်းမကြီးသည် ၂၀၁၂ ခုနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင်‌့မြှင့်ပြုပြင် ခဲ့သော်လည်း နှစ်ကာလကြာမြင့်ခြင်း၊ ရာသီဥတုဒဏ်ကြောင့် မိုးရေတိုက်စားခြင်း၊ နေ့ည မရွေး ကား၊ ထော်လာဂျီ၊ ဆိုင်ကယ် အမြောက်အမြားသွားလာခြင်းတို့ကြောင့် ပျက်စီးလျက်ရှိပါသည်။ သာစည်-ညောင်ရမ်း ကျောက်ချောလမ်းမကြီးကို ကတ္တရာလမ်အဖြစ်ဆောင်ရွက်မှသာ ရေရှည်ခိုင်ခံ့မည်ဖြစ်သည့် အတွက် ညောင်ရမ်းတိုက်နယ် အတွင်းရှိ ကျေးရွာများအတွက် ယခင်ကထက်အဆင်ပြေစွာ သွားလာနိုင် မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်-ညောင်ရမ်း ဆက်သွယ်ထားသော ကျောက်ချောလမ်းမကြီးအား ကတ္တရာလမ်းအဖြစ် အဆင်‌့မြှင့်ဖောက်လုပ် ပေးနိုင်ခြင်းရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။