(က)-ကံမမြို့နယ်၊မဒေးချောင်းမီးရထားလမ်းကူးတံ တားသည်ရထားလမ်းနှင့်ကားလမ်းပေါင်း၍ဆောက် လုပ်ထားရာကားလမ်းမှာ ပေါက်ပြဲပျက်စီးနေသည့် အတွက် ပြင်ဆင်ပေးရန်ရှိ/မရှိနှင့်မရှိပါကမည်သည့် အချိန်ကာလတွင် ပြင်ပေးမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်တွင်ရှိသည့် မဒေးချောင်းမီးရထားလမ်းကူးတံတားသည် ၂၀၀၉ ခုနှစ်မှ စတင်ပြီး သုံးစွဲခဲ့ပါကြောင်း၊ ၎င်း တံတားကို ဆောက်လုပ်ထားသည်မှာ ကားလမ်းနှင့်အတူ ဆောက်လုပ် ထားပါကြောင်း၊ ကားလမ်းကို ကတ္တရာခင်းပေးထားပါကြောင်း၊ ကားလမ်း ဖောက်လုပ်ထားသည့် အတွက်ကြောင့် မကွေး-မင်းဘူး-သရက်-ကံမ စသည့်မြို့ကြီးများမှ ကားကြီး၊ ကားငယ်များဖြင့် နေ့စဉ်နှင့်အမျှ သွားလာနေသည်မှာ ယခုချိန်ထိဖြစ်ပါကြောင်း၊ တံတား၏ မျက်နှာပြင်မှာ ပေါက်ပြဲနေပါကြောင်း၊ မိုးရွာသည့်အခါ မိုးရေများပြည့်လျှံနေသည့် အတွက်ကြောင့် ကားများသွားလာရာတွင် အင်မတန် အန္တရာယ်ကြီးမားပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ တံတားကို မိမိတို့မိုးမကျမီ လို့ပြောထားပါကြောင်း၊ ယခုအချိန်တွင် မိုးကျပြီဖြစ်သည့်အတွက်ကြောင့် အချိန်မီပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်း ပါသည်။