(ဂ)-ရခိုင်ပြည်နယ်ရှိ ကြပ်စင်မြစ်ကူး တံတားကို ၂၀၁၄-၁၅ နှင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်များတွင် တည်ဆောက်ခဲ့ရာ၁၇%ခန့်သာပြီးစီးခြင်းလာမည့် ဘဏ္ဍာနှစ်များတွင် ဘတ်ဂျက်ခွင့်ပြုငွေကို တိုးချဲ့ ချပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u phe thanဒီကြပ်စင်မြစ်ကူး တံတားသည် အရှည်အားဖြင့် အလျား ၁၃၈၀ ပေရှိပြီး ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှစပြီး ခွင့်ပြုငွေဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ပထမနှစ်တွင် မိမိတို့ ဘဏ္ဍာခွင့်ပြုငွေမှ ၄၉၂.၅ သန်း၊ ဒုတိယနှစ် ၂၀၁၅-၁၆ တွင် ၉၃၈.၅၉၁ သန်းကို ခွင့်ပြုပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ တံတားတစ်ခုလုံ၏ တန်ဖိုးလျာထားချက်မှာ ပင်မတံတားကို မိမိတို့ ၁၀ ဘီလီယံခန့် ကုန်ကမည်ဖြစ်ပြီး ချဉ်းကပ်တံတားသည် ၁.၅ ဘီလီယံ စုစုပေါင်း ၁၂ ဘီလီယံလောက် ကုန်ကျမည်ဟု ခန့်မှန်တွက်ချက်ထားတယ်ပါကြောင်း၊ လုပ်ငန်းတစ်ခုအားဖြင့် တစ်ခုလုံး၏  ၁၇  ရာခိုင်နှုန်းခန့်သည် ပြီးစီးနေပြီဖြစ်ပါကြောင်း ၂၀၁၆-၁၇ တွင် မိမိတို့ သန်း ၅၀၀ ဆက်ပြီး ခွင့်ပြုထားသည်ကိုလည်း သိရှိရပါကြောင်း၊

မြေပုံမြို့အတွက် အခြားမြို့များနှင့် ဆက်သွယ်ထားသည့် တစ်ခုတည်းသော လမ်းပေါ်တွင်ရှိသည့် တံတားဖြစ်ပါကြောင်း၊ ယခုလိုအချိန်ကြန့်ကြာနေသည့် အတွက်လည်း သွားရေးလာရေး အခက်အခဲကြန့်ကြာမှုများနှင့် ဒေသခံပြည်သူများသည် တံတားကြီးပေါ်တွင် ယခုလို အချိန်ကြာမြှင့်စွာ တည်ဆောက်နေသည့်အပေါ် စိုးရိမ်ပူပန်မှုများရှိနေပါကြောင်း၊ (မင်းပြား-မြေပုံ) လမ်းအား ကတ္တရာလမ်းခင်းမည့် အစီအစဉ်ရှိ/မရှိ၊ ကြပ်စင်မြစ်ကူးတံတား တည်ဆောက်မည့်အစီအစဉ် ပြီးဆုံးနိုင်မည်‌့ ခုနှစ်ကို သိရှိလိုပါကြောင်း၊ နှစ်ပေါင်းများစွာ အချိန်ယူတည်ဆောက်နေရခြင်း၏ အကြောင်းအရင်းကို သိရှိလိုပါကြောင်း၊ တံတားပြီး မြောက်ရေးအတွက်လာမည့် ဘဏ္ဍာနှစ်အတွင်း ဘတ်ဂျက်ခွင့်ပြုချက်ငွေကို တိုးချဲ့ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။