(က)-စိုက်ပျိုးရေးလုပ်ကိုင်ကြသော တောင်သူဦးကြီး များအားယခင်နှစ်များတွင်စိုက်ပျိုးစရိတ်ချေးငွေအဖြစ် ထုတ်ချေးခဲ့ရာယခုအခါထပ်မံတိုးမြှင့်ထုတ်ချေးပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သော နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုး တက်ရေးအတွက် စိုက်ပျိုရေးလုပ်ကိုင်ကြသော တောင်သူဦးကြီးများအား နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးမြှင့်တင်ပေး ရန် ပြည်သူက ရွေးချယ်တင်မြောက်လိုက်သော အစိုးရမှာ များစွာတာဝန်ရှိနေပါကြောင်း။ ထို့ကြောင့် ယခင်နှစ်များက စိုက်ပျိုးစရိတ် ချေးငွေအဖြစ် စပါးစိုက်တောင်သူများနှင့် ချက်ကြံစိုက်တောင်သူများအား တစ်ဧကလျှင် ၁၀၀၀၀၀ နှုန်းနှင့် ပဲမျိုးစုံ၊ နှမ်း၊ ဆီထွက်သီးနှံ၊ ဝါစိုက်တောင်သူများအား တစ်ဧကလျှင် ၂၀၀၀၀ နှုန်းဖြင့် သတ်မှတ်ထုတ်ချေးပေးခဲ့ပါကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် မိုးစပါးစိုက်တောင်သူများအား တစ်ဧကလျှင် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဟု သိရှိရသည့်အတွက် တောင်သူဦးကြီးများမှာ ဝမ်းသာပီတိ ဖြစ်နေကြပါကြောင်း၊ သို့သော်လည်း ယာစိုက်တောင်သူများမှာ မျိုးတန်ဖိုး၊ သွင်းအားစု၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းထိုးခနှင့် ရိတ်သိမ်းခတို့ကို ပေါင်းစပ်လိုက်လျှင် ၁၈၅၀၀၀ ကျပ်နှင့် နွားထွန်ငှားခ ၃၅၀၀၀ စုစုပေါင်း တစ်ဧကကုန်ကျစရိတ်မှာ ၂၂၀၀၀၀ နှုန်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်မှ စိုက်ပျိုးစရိတ် ချေးငွေအဖြစ် ယာစိုက်တောင်သူများအား ထုတ်ချေးပေးသော ပမာဏနှင့် အမှန်တကယ်ကုန်ကျသော ပမာဏတို့မှာ များစွာကွာခြားလွန်းသောကြောင့် ယာစိုက်တောင်သူများ၏ တင်ပြချက်အရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ယာစိုက်တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေ ထပ်မံထုတ်ချေးပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြင့် ထုတ်ချေးပေးနိုင်ခြင်း မရှိသေးက မည်သည့်အတွက်ကြောင့် မပေးနိုင်သည်နှင့် တိုးမြှင့်ထုတ်ချေးပေးရန် အစီအစဉ်ရှိပါက မည်သည့်ရာသီချိန်မှစ၍ မည်သည့်နှုန်းထားဖြင့် တိုးမြှင့်ထုတ်ချေး ပေးသွားမည်ကို မေးခွန်းမေးမြန်းပါသည်။