(ဂ)-ဘားအံမြို့နယ်ရှိကျေးရွာများမှပြည်သူများ၏နိုင် ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုစာရင်းများ ကိုမိုးပွင့်စီမံချက်များအတိုင်းမြန်ဆန်သောစရိတ်နှုန်း ထားဖြင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

nan than than lwinမိမိတို့ဘားအံမြို့နယ်သည် မြန်မာနိုင်ငံ၏ တောင်ဘက်တွင်တည်ရှိပြီး ထိုင်းနိုင်ငံ၏ နယ်စပ်ကိုသွားလာရေး လွယ်ကူသည့် မြို့နယ်လည်းဖြစ်ပါကြောင်း၊ ဘားအံမြို့နယ်၏ လူဦးရေသည် ၃၇၀၀၀၀ ကျော်ရှိပြီး အသက် ၁၈ နှစ် အထက်များမှာ ၂၃၀၀၀၀ ကျော်ရှိပါကြောင်း၊ မြို့၏အိမ်ခြေ ၉၃၃၈၊ အိမ်ထောင်စုရပ်ကွက်က ၉၃၇၀ နှင့် ၉ ရပ်ကွက်ရှိပါကြောင်း၊ ကျေးလက်နေအိမ်ခြေမှာ ၅၆၀၀၀ ကျော်ရှိပြီး အိမ်ထောင်စု ၆၁၀၀၀ ကျော်ရှိပါကြောင်း၊ ကျေးရွာအုပ်စု ၉၁ အုပ်စုနှင့် ကျေးရွာပေါင်း ၄၇၄ ရွာရှိသည့် မြို့နယ်လည်းဖြစ်ပါကြောင်း၊ ဘားအံမြို့နယ်ရှိ ကျေးလက်တောရွာများတွင် အိမ်ထောင်စု စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသည့် ပြည်သူလူထုများမှာ ၉၀ ရာခိုင်နှုန်းခန့်ရှိနေပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင်‌့ ပြည်သူ့အင်အားဦးစီးဌာနက နိုင်ငံသားများအားလုံးကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အမြန်ဆုံးရရှိရေးအတွက် တစ်နိုင်ငံလုံးကွင်းဆင်းပြီး ပွင့်လင်းမြင်သာစွာဖြင့် One Stop Service စနစ်ကိုအသုံးပြုပြီး မိုးပွင့်စီမံချက်နှင့် လျင်မြန်စွာဆောင်ရွက် ပေးခဲ့သည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ဘားအံမြို့နယ် တွင်ရှိသည့် ကျေးရွာ များမှပြည်သူများသည် မြို့နယ် လ.ဝ.ကရုံးကို နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသော လူဦးရေများနှင့်တကွ တင်ပြခဲ့သော်လည်း အကြောင်းပြန်ကြားခြင်းမရှိခဲ့ပါကြောင်း၊ မြို့နယ်လ.ဝ.ကရုံးကို ဆက်သွယ်မေးမြန်းသော့လည်း ရက်ချိန်းပေး၍ အကြောင်းအမျိုးမျိုးပြခြင်းကြောင့် လာရောက်မေးမြန်း စုံစမ်းလာသူများသည် ခရီးစရိတ်ကုန်၊ အချိန်ကုန်၊ အကျိုးသက်ရောက်မှုမရှိဘဲ ဖြစ်နေခဲ့ပါကြောင်း၊ ဘားအံမြို့နယ်ရှိ ကျေးလက်ပြည်သူများသည် လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်သည့် အလုပ်အကိုင် လူမှုစီးပွားဘဝကိုမျှော်လင့်ပြီး ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်နေကြရသူ အများအပြားရှိပါကြောင်း၊ ယခုလို ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကြသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ မရှိကြသူများသောကြောင့် ဘားအံမြို့နယ် ရှိ ကျေးလက်ပြည်သူ များ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကြသူများ အပါအဝင် နိုင်ငံသားတိုင်းအပေါ် သက်သာသောစရိတ် နှုန်းထားများနှင့်တပြေးညီ ဆောင်ရွက်ပေးရန်နှင့် ကြပ်မတ်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိ၊ ရှိမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် မရှိဟုဆိုပါက အဘယ်ကြောင့်နည်းစသည်တို့ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။