(က)-လွိုင်ကော်မြို့နယ် လောပိတကျေးရွာ အုပ် စုနှင့်မထောခုကျေးရွာအုပ်စုများတွင် လျှပ်စစ်မီးရ ရှိရေး ဆောင်ရွက်ပေးရန်နှင့်မီးလင်းရန်စိုက်ထူအ သုံးပြုထားသောသစ်သားတိုင်များကိုကွန်ကရစ်တိုင် အဖြစ် အစားထိုးပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

khin si thuမိမိအနေဖြင့်  လောပိတကျေးရွာ အုပ် စုနှင့်မထောခုကျေးရွာအုပ်စုများတွင် မီးလင်းမှုရရှိသည့်အချိန်သည် Power Point ဖြင့်ပြသထားပါကြောင်း၊ ပါဝါမီတာတစ်ခုတည်းကို အသုံးပြု၍ ရွာများကိုစုပေါင်း၍ လည်းကောင်း၊ အိမ်ခြေများကို စုပေါင်း၍လည်းကောင်း လျှပ်စစ်မီးအသုံးပြုရန် ဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်း၊  ထို့ပြင် ဓာတ်တိုင်များသည် လည်းလောပိတစက်ရုံတည်ဆောက်စဉ်ကပင် အသုံးပြုသည့် ဓာတ်တိုင်များဖြစ် သည့်အတွက် ဆွေးမြေ့ပြီးအန္တရာယ် ဖြစ်နိုင်ပါသောကြောင်း၊ ဘီးလူးချောင်းဓာတ်အားပေးစက်ရုံသည် မြန်မာတစ်နိုင်ငံလုံးနီးပါးကို ၁၉၆၀ ခုနှစ်မှစပြီး ယခုထိ နှစ်ပေါင်း ၅၆ နှစ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခြင်းဖြစ်သော်လည်း  ရွာတိုင်းတွင် လျှပ်စစ်မီး ပြည့်စုံစွာမရသည့်အပြင် ရွာနှစ်ရွာ၊ အိမ်ခြေ ၁၅၆ လုံးကို ပါဝါမီတာ တစ်လုံး၊ ရွာတစ်ရွာ၊ အိမ်ခြေ ၁၀၆ လုံးကို ပါဝါမီတာတစ်လုံး၊ ရွာတစ်ရွာ၊ အိမ်ခြေ ၈၂ လုံးကို ပါဝါမီတာ တစ်လုံးစသည်ဖြင့် သုံးစွဲခွင့်ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးလင်းစာရင်း ဝင်နေသော်လည်း အမည်ခံသာဖြစ်ပြီး လျှပ်စစ်ဓာတ်အားကို ပြည့်ဝစွာ မရရှိခြင်းကြောင့် လျှပ်စစ်ပစ္စည်းများ သုံးစွဲနိုင်ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် လောပိတကျေးရွာအုပ်စုနှင့် မထောခု ကျေးရွာအုပ်စုများတွင် လျှပ်စစ်မီးရရှိရန်နှင့် သစ်သားဓာတ်တိုင်များကို ကွန်ကရစ် ဓာတ်တိုင်များဖြင့် အစားထိုးပေးနိုင်ခြင်း ရှိ/မရှိနှင့်  ဆောင်ရွက်မည်ဆိုပါက မည်သို့ဆောင်ရွက်မည်၊ ဆောင်ရွက်နိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။