(က)-ဝေါမြို့နယ်ရှိ ပြန်လည်အပ်နှံလယ်မြေများကို သီးစားဖြင့်လုပ်ကိုင်ခဲ့ရသည့် ကိစ္စ၊ ပန်းညိုကျေးရွာ အုပ်စုပိုင်ကွင်းအမှတ် ၁၂၀၄ ကွင်းရှိစားကျက်မြေ ဧက(၁၀၀)ကျော်အားမည်သို့စီမံဆောင်ရွက်ထား သည် ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u tin htweတပ်မတော်အစိုးရလက်ထက် တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်ကာလ ချုပ်တိုင်းမှူးများမှ စားကျက်မြေများကို ပယ်ဖျက်ပြီး တပ်ရင်း/တပ်ခွဲများနှင့် ပုဂ္ဂလိကများကို လယ်ယာမြေအဖြစ် ပြောင်းလဲပြီး လုပ်ကိုင်ခွင့်ပြခဲ့ပါကြောင်း၊ ယခုလိုလုပ်ကိုင်ခွင့် ပြုခဲ့သည့်နေရာတွင် တစ်နှစ်၊ နှစ်နှစ်လောက် တပ်ရင်း/ တပ်ခွဲများနှင့် ပုဂ္ဂလိကများက သူတို့ကိုယ်တိုင်လုပ်ပြီး နောက်ပိုင်း မိမိတို့ သီးစာရှာပြီးလုပ်ခဲ့ပါကြောင်း၊ ၁၉၆၃ ခုနှစ် သီးစားချရေးဥပဒေက လယ်ယာမြေကို သီးစားချထားခွင့် မရှိဘဲလုပ်ခဲ့လျှင် သိမ်းမည် ဆိုသည့်အတွက်ကြောင့် တပ်ရင်း/တပ်ခွဲများသည် သူတို့သီးစားချထားသည့် လူများနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ခွင့်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ခန့်မှစပြီး တပ်ရင်း/တပ်ခွဲများသည် ၎င်း လယ်မြေများကို အာဏာပိုင်အဖွဲ့အစည်းများအား ပြန်လည်အပ်နှံခဲ့ပါကြောင်း၊ ယခုလို အပ်နှံသည့်အခါတွင် နိုင်ငံပိုင်အဖွဲ့ အစည်းများက တိုင်းရင်းသားအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရဆိုပြီး တပ်ရင်း/တပ်ဖွဲ့များထက် သီးစားတင်လုပ်ကိုင်ခဲ့သည့် လူအနည်းစုကို ပြန်လည်လုပ်ကိုင်ခွင့်ပြုပြီး လူအများစုဖြစ်သည့် လယ်ယာမဲ့များကို ပြစ်ထားခဲ့ပါကြောင်း၊ ဝေါမြို့နယ် ပန်းညိုကျေးရွာအုပ်စု ၁၂၀၄ ကွင်းတွင် စားကျက်ပယ်ဖျက်ခွင့်မရရှိဘဲ ပဲခူးတိုင်း၊ ပဲခူးခရိုင်ရဲတပ်ဖွဲ့မှ စားကျက်ပယ်ဖျက်ခွင့်ရရှိစေရန် ဧက ၁၀၀ ခန့်ကို လုပ်ကိုင်ရပါကြောင်း၊ ယခုလို လုပ်ကိုင်သည့် နေရာတွင်လည်း သူတို့ကိုယ်တိုင် လုပ်ကိုင်ခြင်းမရှိဘဲ မိမိတို့ သီးစားချပြီးလုပ်ခဲ့ပါကြောင်း၊ ယခုလက်ရှိ အစိုးရသစ်တက်လာသည့် အခါတွင် ကျေးရွာပြည်သူများမှ တိုင်ကြားသောအခါ ရဲတပ်ဖွဲ့မှ ၎င်းကို တာဝန်အပ်နှံပါကြောင်း၊ အပ်နှံသည့် နေရာတွင်လည်း မိမိတို့ရဲတပ်ဖွဲ့မှ သူတို့နှင့်သီးစား လုပ်သည့်သူများကို ဆက်လက်လုပ်ကိုင်သည့် နေရာတွင် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ယနေ့တိုင် မိမိတို့ လစ်လျူရူထားသည်ကို တွေ့ ရခြင်းဖြစ်ပါကြောင်း၊

          တပ်ရင်း/တပ်ခွဲများနှင့် သီးစားတင် သီးစားရယူပြီး လုပ်ခဲ့သည့်လူများကို ပြန်လည်စွန့်လွှတ် အပ်နှံသည်‌့ လယ်မြေများကို ကျေးရွာမရှိ လယ်ယာမဲ့များ လုပ်ကိုင်ခွင်‌့ရရှိသည့်အတွက် မည်သို့မည်ပုံ ဆောင်ရွက်ပေးနိုင်ပါသနည်းနှင့် စားကျက်မြေပယ်ဖျက်ခွင်‌့မရှိဘဲ ဦးစီးလုပ်ကိုင်နေသည်‌့ စားကျက်မြေအား မူလစားကျက်မြေအဖြစ် ထားရှိနိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။