(က)-ဖာပွန်မြို့နယ်၊ကမမောင်းမြို့နှင့်လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူမြို့အကြားသံလွင်မြစ်ကိုဖြတ်၍ မြစ်ကူးကြိုး တံတားဆောက်လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူဒေသတို့သည် မိုးတွင်းကာလတွင် သွားလာရန်ခက်ခဲပြီး လှေ၊ ပဲ့ထိန်းစက်လှေများကို အသုံးပြု သွားလာရသည့် အတွက် မိုးသက်လေပြင်းကျရောက်ချိန်များတွင် လှေနှင့် သမ္ဗာန်များ နစ်မြှုပ်မှုကို ကြုံတွေ့ရပါ ကြောင်း၊ ထို့ကြောင့် ခရီးသွားလာရေး လွယ်ကူစေရန်အတွက် ကမမောင်းနှင့် မြိုင်ကြီးငူ ဆက်သွယ်မည့် ကြိုးတံတားတစ်ခု လိုအပ်လျက်ရှိသည်ကို ပထမအကြိမ် ပြည်ထောင်စု လွှတ် တော်၊ စီမံကိန်းဆွေးနွေးရာတွင် တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ စီမံကိန်းဝန်ကြီးကလည်း စီမံ ကိန်းတွင် ထည့်သွင်း၍ သက်ဆိုင်ရာဝန်ကြီးဌာနကို အကြောင်းကြားမည်ဖြစ်ကြောင်းကို သိရှိခဲ့ရပါ ကြောင်း၊ သို့ပါ၍ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် ကာလအတောအတွင်း ကမမောင်းနှင့် မြိုင်ကြီးငူ သွယ်တန်းမည့် သံလွင်ကြိုးတံတားတစ်ခု တည်ဆောက်ရန်အစီအစဉ်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။