(င)-ရေနံချောင်းမြို့ရှိညောင်လှဆိပ်ကမ်းသည်ခိုင် မာစွာတည်ရှိခဲ့ပြီး ထိန်းသိမ်းရေးဌာနမှ နှစ်ပေါင်း များစွာမြစ်ကြောင်း ထိန်းသိမ်းမှုမရှိခဲ့၍ ဆိပ်ကမ်း တိမ်ကောပပျောက်သွားခြင်းအား ပြန်လည်ဖော် ထုတ်နိုင်ရန် နှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u thar choရေနံချောင်းမြို့၊ ညောင်လှဆိပ်ကမ်းသည် ခေတ်အဆက်ဆက်ကျော်ကြားခဲ့သော ဆိပ်ကမ်းတစ်ခုဖြစ်ပါကြောင်း၊  အင်္ဂလိပ်ခေတ်၊ ပါလီမန်အစိုးရခေတ်၊ တော်လှန်ရေးကောင်စီအစိုးရခေတ် များတွင် ရေယာဉ်များ တစ်နှစ်တစ်ခါ လုပ်ငန်းလိုင်စင်တိုးရန် အထက်မြန်မာပြည်မှ ရေယာဉ်များအား ရေနံချောင်းညောင်လှ ဆိပ်ကမ်းတွင်လည်းကောင်း၊ မန္တလေးဂေါဝန် ဆိပ်ကမ်းတွင်လည်းကောင်း၊  စစ်ဆေးခဲ့သော ဆိပ်ကမ်းကြီး သုံးခုတွင် တစ်ခု အပါ အဝင်ဖြစ်ပါကြောင်း၊ ထို့ပြင် ညောင်လှဆိပ်ကမ်းနှင့် တစ်ဖာလုံ ခန့်အကွာတွင် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံချောင်း ရေနံမြေမှထွက်ရှိသော ရေနံများအား မြန်မာပြည် အရပ်ရပ်ရှိ ရေနံချက် စက်ရုံများသို့ တင်ပို့ရန် အတွက် ရေနံသင်္ဘောကြီးများ အား ရေနံတင် ပေးရန် ကြေးနန်းပိုင် ဆိပ်ကမ်း တစ်ခုရှိခဲ့ပါကြောင်း၊ ယခုအခါ ညောင်လှဆိပ်ကမ်း တိမ်ကော ပပျောက်သွားသကဲ့သို့ ရေနံ ဆိပ်ကမ်းလည်း ပပျောက်ခဲ့ပါကြောင်း၊ ဆိပ်ကမ်း တစ်ခုလုံးသည် မူလဆိပ်ကမ်းနှင့် လေးမိုင်၊ ငါးမိုင် အကွာသို့ ရောက်ရှိနေသဖြင့် ညောင်လှဆိပ်ကမ်းအားမှီခို၍ မိမိတို့ လယ်ယာမြေများမှ ထွက်ရှိသော ဆန်စပါး၊ ပဲမျိုးစုံ စသည့်သီးနှံများအား လာရောက်ရောင်းချကြသော ဧရာဝတီမြစ်ရိုးတစ်လျှောက်၊ မုန်းချောင်းတစ်လျှောက်  မြို့နယ်ချင်း ဆက်လျက်ရှိသော ရေနံချောင်း၊ ပွင့်ဖြူ၊ စလင်း၊ ဆင်ဖြူကျွန်း၊ ချောက်စသည့် မြို့နယ်များမှ ရေနံချောင်း ညောင်လှ ဆိပ်ကမ်းသို့ လာရောက်ရောင်းချရာတွင် အခက်အခဲများစွာရှိနေပါသဖြင့် စွမ်းအင်ဝန်ကြီးဌာန၊ ရေနံချောင်း ရေနံမြေမှ ရေနံတင်ပို့ရာတွင်လည်း အခက်အခဲမြောက်မြားစွာ ရှိနေသောကြောင့် ညောင်လှဆိပ်ကမ်းအား မူလနေရာသို့ ပြန်လည်ရောက်ရှိရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ လုပ်ကိုင်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိအား သိရှိလို ပါကြောင်း မေးမြန်းခဲ့ပါသည်။