(က)-ကြာအင်းဆိပ်ကြီး မြို့နယ်၊ဘုရားသုံးဆူမြို့ရှိ နယ်ခြားဂိတ်ပိတ်ထားခြင်းအား ဖွင့်လှစ်ရန်အစီအ စဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကရင်ပြည်နယ်ရှိ ဘုရားသုံးဆူ မြို့နယ်၊ မြို့၏နယ်ခြားဂိတ်ကို ၁၉၉၃ ခုနှစ်တွင် ဖွင့်လှစ်နိုင်ခဲ့ပြီး ထိုသို့ ဖွင့်လှစ်နိုင်ခဲ့ခြင်းကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ကောင်းမွန်ပြီး ဘုရားသုံးဆူမြို့၊ မြို့သူမြို့ သားများ၏ စီးပွားရေးအဆင်ပြေခဲ့ပါကြောင်း၊ သို့သော် ၂၀၀၇ ခုနှစ်မှစ၍ နယ်ခြားဂိတ်အား ပြန်လည် ပိတ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်ကြာပိတ်ထားမှုကြောင့် နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှု ရပ်တန့် သွားခဲ့သည့်အတွက် မြို့သူမြို့သားများအနေဖြင့် အလုပ်အကိုင်မဲ့ခြင်း၊ စီးပွားရေး ကျဆင်းခြင်း၊ နယ်စပ် ဂိတ် ကြာမြင့်စွာပိတ်ခဲ့မှုကြောင့် တရားမဝင်မှောင်ခိုလမ်းကြောင်းများ ပေါ်ပေါက်လာပြီး လာဘ်ပေး လာဘ် ယူမှုများ ပေါ်ပေါက်လာခြင်း၊ ကုန်သွယ်အခွန်အကောက်များ ရရှိမှု မရှိတော့ခြင်း၊ တရားဝင် အလုပ် အကိုင်များ ရပ်ဆိုင်းသွားရသဖြင့် စီးပွားရေးကြပ်တည်းမှုများကြောင့် မူးယစ်ဆေးဝါးလုပ်ကိုင်မှုများ များပြား လာခြင်းများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ နယ်ခြား ဂိတ်ပိတ်ထားခြင်းအား ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်ရှိ/မရှိနှင့် ဖွင့်လှစ်ရန် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် မဖွင့်လှစ်နိုင်သေးသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။