(ခ)-တိုက်ကြီးမြို့နှင့်ဧရာဝတီတိုင်းဒေသကြီး၊ဓနုဖြူ မြို့နယ်၊စံကင်းကျေးရွာကြီးရှိ တော်လတီတိုက်နယ် ရွာကြီးတွင်လှိုင်မြစ်ကြားခံနေပါသဖြင့်တော်လတီ- ကြာအင်းမြစ်ကူးတံတားသံပေါင်ဘေလီတံတားတစ် စင်း တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

u kyaw myintဧရာဝတီတိုင်း ဓနုဖြူမြို့၏ ဧရာဝတီမြစ်အရှေ့ဘက်ကမ်းဒေသများသည် ဆန်စပါး၊ ပဲ၊ ပြောင်းနှင့် ငါးပိ၊ ငါးခြောက်အများကြီးထွက်သဖြင့် နာမည်ကြီးသည့် ဒေသဖြစ်ပါကြောင်း၊ ၎င်း ဒေသရှိ ထွက်ကုန်များကို မြို့မဟုတ်၊ တောမဟုတ် စံကင်းကျေးရွာကြီးမှ ရန်ကုန်တိုင်းဒေသကြီးသို့တင်ပို့ရပါကြောင်း၊ တိုက်ကြီးမြို့နယ် တော်လတီမြို့သို့ လမ်းဖောက်ထားပြီးလည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိလမ်းမှာ ဂဝံလမ်းတစ်ဝက် ကွန်ကရစ်လမ်းတစ်ဝက်ဖြစ်ပါကြောင်း၊ ရန်ကုန်-ပြည်ကားလမ်းကြီးများတွင်ရှိသည့် တိုက်ကြီးမြို့သည်လည်း ကြာအင်းရွာအထိ ကွန်ကရစ်လမ်းနှင့် ဂဝံလမ်းများ ဖောက်ပြီးထားပြီးဖြစ်ပါကြောင်း၊ ၎င်း ဒေသမှထွက်ကုန်များကို တင်ပို့ရန်အတွက် လှိုင်မြစ်ကူးတံတားကို တည်ဆောက်ပေးမည်ဆိုပါက မိမိတို့ မြန်မာပြည်အနှံ့မှ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံများအထိ ကုန်စည်ကူးသန်းသွား၍ရပါကြောင်း၊ သို့သော်လည်း ၎င်းလမ်းအပိုင်းကို ဆက်သွယ်ပြီး လှိုင်မြစ်ကူးတံတား သံပေါင်ဘေလီတံတားကို တည်ဆောက်ပေးမည်ဆိုပါကလည်း ဧရာဝတီမြစ်နှင့် လှိုင်မြစ်ကြားထဲတွင်ရှိသည့် ဒေသများမှာ အများကြီးဖွံ့ဖြိုး တိုးတက်သွားမည် ဖြစ်သည့်အတွက် လှိုင်မြစ်ကူးတံတား သံပေါင်ဘေလီတံတားကို တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။