(က)-မင်းဘူး(စကု)မြို့နယ်၊မန်းရေနံမြေဧရိယာအ တွင်းရှိမူလကတ္တရာလမ်းများပျက်စီးနေမှုအားကတ္တ ရာဖြင့်ပင်ထပ်ပိုး၍ပြုပြင်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
မင်းဘူး၊ မန်းရေနံမြေ ဧရိယာအတွင်း ကတ္တရာလမ်း ပေပေါင်း ၃၀၀၀၀ ခန့်ရှိပြီး အဓိကကျသည့် လမ်းမကြီးများတွင် ပေ ၁၇၀၀၀ ခန့်ရှိသည်ကို သိရှိရပါကြောင်း၊ လမ်းများ၏ အစိတ်အပိုင်းများသည် ပျက်စီးလျက်ရှိပါကြောင်း၊ မန်းရေနံမြေဧရိယာအတွင်းရှိ ကတ္တရာလမ်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မန်းရေနံမြေဧရိယာအတွင်းရှိ ဌာနဆိုင်ရာယာဉ်များ အများဆုံး အသုံးပြုလျက်ရှိပြီး ဒေသခံပြည်သူများမှလည်း သွားလာအသုံးပြုလျက်ရှိသည်ကို သိရှိရပါ ကြောင်း၊ ပျက်စီးလျက်ရှိသော လမ်းများကို သဲမြေနီများဖြင့် ပြုပြင် ဖာထေးနေခြင်းကြောင့် မူလ ကတ္တရာလမ်းမှ သဲမြေနီ လမ်းဖြစ်သွားမည်ကိုလည်း ဒေသခံပြည်သူများ စိုးရိမ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်း ဒေသကြီးအတွင်း မင်းဘူး(စကု)မြို့နယ် မန်းရေနံ မြေဧရိယာအတွင်းရှိ မူလကတ္တရာလမ်းများအား ကတ္တရာဖြင့်ပင်ထပ်ပိုး၍ ပြုပြင် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ပြုပြင်မပေး နိုင်သည်နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် မည်သည့်ရန်ပုံငွေဖြင့် ပြုပြင်ဆောင် ရွက်ပေးမည်ဆိုသည်ကို သိရှိလိုပါကြောင်းပြောကြားပါသည်။