(ခ)-မင်းကင်းမြို့တွင် မဟာဓာတ်အားလိုင်းမှ တစ် ဆင့်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကိုမည်သည့်အတွက် ကြန့်ကြာနေရသည်၊ မည်သည့် အချိန်တွင် ဓာတ် အားဖြန့်ဖြူးမှုဆောင်ရွက်နိုင်ပါမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

mg myintမင်းကင်းမြို့နယ်သည် ချင်းတွင်းမြစ်အထက်ပိုင်းတွင် တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံ့ဖြိုးမှုသည်လည်း နောက်ကျပါကြောင်း၊ ၎င်းဒေသအတွက် လျှပ်စစ်မီးရရှိရေးကိစ္စကို ပြီးခဲ့သည့် အစိုးရလက်ထပ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဝန်ကြီး ဦးခင်မောင်စိုးအား တင်ပြပြီး ၂၀၁၄-၁၅ ဘက်ဂျက်တွင် စတင်ပြီးဆောင်ရွက်ခဲ့ပါကြောင်း၊ ဆောင်ရွက်သည့်အခါတွင် ရေဘုတလင်-ခန္တီး-မင်းကင်း လမ်းအပိုင်းသွယ်တန်းပြီးမှ မင်းကင်းတွင် ဓာတ်အားခွဲရုံတစ်ခုနှင့် ပြီးလျှင် မိမိတို့ ဖြန့်ဖြူးရေးလိုင်းများ တည်ဆောက်မည်ဆိုသည့် အစီအစဉ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၄-၇-၂၀၁၅ ခုနှစ်အထိ ကိုကြည့်မည်ဆိုလျှင် ရေဘုတလင်-ခန္တီး-မင်းကင်း ဓာတ်အားလိုင်း၏ ပြီးစီးမှုသည် ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ဓာတ်အားခွဲရုံ၏ ပြီးစီးမှုကို ၄၅ ရာခိုင်နှုန်းဖြစ်သည်ဆိုပြီး သိရှိရပါကြောင်း၊ အခုအချိန်ထိ တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သော်လည်း လျှပ်စစ်မီးရရှိခြင်း မရှိသေးပါကြောင်း၊ ဒေသခံများအနေဖြင့် လျှပ်စစ်မီးရရှိရေးကို လိုလားတောင့်တလျက်ရှိပါကြောင်း၊ လက်ရှိအခြေအနေတွင် ဒီဇယ်အင်ဂျင် ဓာတ်အားပေးစက်ရုံမှနေပြီး တစ်နေ့ကို နှစ်နာရီ၊ နှစ်နာရီခွဲ မိမိတို့ လျှပ်စစ်မီးရရှိနေသည့် ဒေသဖြစ်ပါကြောင်း၊  ထို့ကြောင့် မင်းကင်းမြို့နယ်တွင် မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးမှုကို မည်သည့်အတွက်ကြောင့် ကြန့်ကြာနေပါသနည်းနှင့် မည်သည့်အချိန်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုကို ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။