(င)-မြဝတီမြို့နယ်၊ထီးချားရားဒေသတွင်ရေနံစမ်း သပ်ရှာဖွေတူးဖော်ခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထီးချားရားဒေသတွင် အင်္ဂလိပ်ခေတ်ကပင် ရေနံစမ်းသပ် တူးဖော်ခဲ့ သည်ကို သိရှိရပါကြောင်း၊ ယခုအခါ ၂၀၁၂ ခုနှစ်ကစတင်၍ ထီးချားရာဒေသတွင် ရေနံစမ်းသပ် ရှာဖွေ တူးဖော်နေသည်ကို သိရှိရပါကြောင်း၊ အဆိုပါရေနံတူးဖော်မှုကို အကြောင်း ပြုပြီး မိမိတို့၏ လယ်ယာ၊ ခြံမြေများကို သိမ်းဆည်းမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိပြီး ထီးချားရားဒေသရှိ ကျေးရွာ ၁၇ ရွာက ပြည်သူလူထု ၄၀၀၀ ကျော်သည် ရေနံစမ်းသပ်တူးဖော် ရှာဖွေမှုကို လက်မှတ်ရေးထိုး ကန့်ကွက်ခြင်း၊ Vinyl ပိုစတာစိုက်ထူကန့်ကွက်မှုများ ပြုလုပ်ခြင်း များကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် (က) ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ထီးချားရားဒေသတွင် ရေနံစမ်းသပ်ရှာဖွေတူးဖော်ခွင့်ကို မည်သည့် ကုမ္ပဏီအား ဆောင်ရွက်ခွင့်ပြုထားသည်၊ မည်သည့်အချိန်ကာလအထိ သတ်မှတ်ခွင့်ပြုထားသည်၊ (ခ) နှစ်ဦးနှစ်ဖက် သဘောတူညီချက် များကိုဒေသခံ ပြည်သူများသိရှိစေရန် ဖော်ပြပေးပါရန်နှင့်(ဂ) ထီးချားရားဒေသ စီးပွားဖြစ်ရေနံ ထုတ်လုပ် နိုင်မှုအခြေအနေကို သမိုင်းဖြစ်စဉ် အကျဉ်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။