(စ)-ပခုက္ကူမြို့နယ်၊နုံးပို့လျှပ်စစ်မြစ်ရေတင်စီမံကိန်း အားလျှပ်စစ်ဗို့အားပြည့်မီရန်ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ပြည့်မီအောင်မပေးနိုင်ပါကအဘယ့်ကြောင့် ဆိုသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-15

မေးခွန်း အကြောင်းအရာ 

pipe koဧရာဝတီမြစ်မကြီးမှ ရေခေါ်မြောင်းများ တည်ဆောက်ခြင်းဖြစ်ပါကြောင်း၊ ရေခေါ်မြောင်းများ တည်ဆောက်ပြီး ရေပေးမြောင်းများ ရေတင်နိုင်ရန်အဆင့်ဆင့်နှင့် နောက်စမ်းသပ် ရေပေးခြင်းအဆင့်ထိ ယနေ့ ၉၀ ရာခိုင်နှုန်းထိရရှိ ပြီးဖြစ်ပါကြောင်း၊ နုံးပို့စီမံကိန်းကို ၂၅-၅-၂၀၀၄ ခုနှစ်မှ စတင်ပြီး တည်ဆောက်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ တည်ဆောက်ချိန်ကာလသည် ၁၂ နှစ်ကြာမြင့်ခဲ့ပါပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင်လည်း ငွေလုံးငွေရင်းနှင့် ၅၄၆.၅၃၄ သန်း အသုံးပြုပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရန် ပင်မမြောင်းအရှည် ၅.၃၇၉ မိုင်လည်း တည်ဆောက်ပြီးဖြစ်ပါကြောင်း၊ မြစ်ရေတင်နိုင်ရန်အတွက် လိုအပ် သော ဓာတ်အားခွဲရုံနှင့် ဓာတ်အားလိုင်း ၁၅.၂၉ မိုင်ရှိသော ဓာတ်အားလိုင်းများ သွယ်တန်းပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေပေးဝေနိုင်မည်ဆိုလျှင် အောက်ပါကျေးရွာများဖြစ်သည့် ညောင်ပင်ကျေးရွာ၊ သရက်တောကျေးရွာ၊ ဘဲကြီးကျေးရွာ၊ မန်ကျည်းကန်ကျေးရွာနှင့် ရှင်ကန်ကျေးရွာရှိ ရွာမြေဧက ၈၀၀၀ ကို အကျိုးပြုမည်ဖြစ်ပါကြောင်း၊ ၂၄-၆-၂၀၁၆ ရက်နေ့တွင် ရေပေး မြောင်း တစ်လျှောက်တွင်ရှိသည့် ဒေသခံတောင်သူ များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ခရိုင်အုပ်ချုပ်ရေး၊ ခရိုင်ရေအရင်းအမြစ်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည့်ပွဲတွင် နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းကို အောင်မြင်မည်ဟုဒေသခံများက မျှော်လင့်ပြီး မိမိတို့၏ ဘဝများ ပြောင်းလဲသွားမည်ကို ဝမ်းသာနေကြပါကြောင်း၊ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ မျှော်လင့်ချက်အဖြစ် နိုင်ငံတော်မှ ငွေကြေးအကုန်အကျခံထားသည့် နုံးပို့စီမံကိန်းတွင် ကျပ်သန်းပေါင်း ၅၀၅၄.၆၈ နှင့် အမေရိကန်ဒေါ်လာ ဝ.၉၇၅၈ သန်း အကုန်အကျခံပြီး ၁၀ နှစ်ကျော်တည်ဆောက်ခဲ့သည့် နုံးပို့လျှပ်စစ်မြစ်ရေတင် စီမံကိန်းကို လျှပ်စစ်ဓာတ်အားပြည့်မီအောင် အမြန်ဆုံးဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။