(ခ)-ငမိုးရိပ်ချောင်းအတွင်းကုမ္ပဏီတစ်ခုမှချောင်း အတွင်းပိုင်ရိုက်ကာ ရေစီးကြောင်းပြောင်းစေပြီး ကမ်းနံရံချဲ့နေခြင်းကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်းရေရှည်ထိန်းသိမ်းခြင်းအတွက်မည် သို့ စီစဉ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
မေးခွန်း အကြောင်းအရာ
ငမိုးရိပ်ချောင်း၏ ကမ်းထိန်းနံရုံများကို စနစ်တကျပြုပြင်တည်ဆောက်မည် ဆိုပါက ချောင်း၏သဘာဝ အလှကြောင့် မြို့နယ်မှာ ပိုမိုလှပပြီး ဈေးကွက်လည်း ပိုမိုအချက်အခြာကျ လာမည် ဖြစ် ပါကြောင်း၊ တောင် ဥက္ကလာပမြို့သည် (၁၄) ရပ်ကွက်နှင့် ဆက်စပ်နေသော ငမိုးရိပ်ချောင်းကို ကုမ္ပဏီတစ်ခုမှ ချောင်းအတွင်း ပိုင်များ ကိုရိုက်ပြီး ရေစီးကြောင်း ကို ပြောင်း လဲအောင် ပြုလုပ် ထားခြင်းဖြစ်ပါကြောင်း၊ ယခု ကဲ့သို့ ပြုလုပ်ထားသည့်အတွက် ကမ်းတစ်ဖက်တွင်ရှိသည့် ဘုန်းကြီးကျောင်းများ၊ အိမ်များပေါ်သို့ ကမ်းများပြိုပြိုကျလာသည်မှာ မကြာခဏ ဆိုသကဲ့သို့ ဖြစ်ပေါ်နေပါကြောင်း၊ ထိုကဲ့သို့ ပြည်သူအများနှင့်ဆိုင်သော ငမိုး+ရိပ်ချောင်းနှင့် မိမိပိုင်ဆိုင်သောချောင်းကဲ့သို့ ပြုမူနေခြင်းကို ပြည်သူများမှလည်း စိတ်မချမ်းမွေ့ဖွယ် ဖြစ်နေရပါကြောင်း၊
တောင်ဥက္ကလာပမြို့ရှိ မြေကွက်များသည်လည်း ကုန်သလောက်ဖြစ်နေပြီး ယခု ချောင်းထဲအထိ ချဲ့နေသည်ဆိုသည့်တွက် ပြည်သူများ စိုးရိမ်စိတ်ဖြစ်ပေါ်နေကြပါကြောင်း၊ သို့ဖြစ်ပါ၍ ၎င်း အခြေအနေများကို သက်ဆိုင်ရာဌာနအနေဖြင့် ငမိုးရိပ်ချောင်း ရေရှည်ထိန်းသိမ်းခြင်းအတွက် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါလိုပါကြောင်း မေးမြန်းပါသည်။