(င)-ဟင်္သာတမြို့ ပြည်သူ့ဆေးရုံတွင်ဆောက်လက်စ တိုးချဲ့ဆေးရုံ(၄)ထပ် အဆောက်အဦအား ဆက် လက်ဆောက်လုပ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း
ဟင်္သာတပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ တိုးချဲ့လေးထပ် လူနာဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၂၂-၁၀-၂၀၁၅ ရက်နေ့တွင် စတင်ပြီး ACE ကုမ္ပဏီ လီမိတက်က သူ့၏ လက်အောက်ခံကုမ္ပဏီဖြစ်သော မြန်မာ့လုပ်ငန်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအုပ်စု ကုမ္ပဏီ လီမိတက် တာဝန်ယူဆောက် လုပ်ခဲ့ပါကြောင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများအားလုံး တန်ဖိုးမှာ ကျပ်သန်းပေါင်း ၇၈၀ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် ၂၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုအရ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် တန်ဖိုး ကျပ်သန်းပေါင်း ၁၉၅ သန်းကို ထုတ်ယူပြီး ဖြစ်ပါကြောင်း၊
ဆောက်လုပ်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလနောက်ပိုင်း သြင်္ကန်ပြီးကာလမှ ယခုအချိန်အထိ ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ရပ်ဆိုင်းရသည့် အကြောင်းအရင်းများကို စုံစမ်းကြည့်ရာ ခွင့်ပြုရန်ပုံငွေ ဆက်လက်ချထားပေးခြင်းမရှိဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဟင်္သာတမြို့ ပြည်သူ့ဆေး ရုံကြီးဝင်းအတွင်း၌ ဆောက်လက်စတိုးချဲ့လေးထပ် အဆောက်အဦအား ဆက်လက်ဆောက်လုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်အချိန်တွင် ဆက်လက်ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။