(င)-မြန်မာနိုင်ငံအတွင်းဟိုတယ်နှင့်တည်းခိုခန်းများ ဖွင့်လှစ်ရန် လုပ်ငန်းလိုင်စင်များလျှောက်ထားခြင်း၊ ခွင့်ပြုခြင်းတို့နှင့် စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွား လာရေးဝန်ကြီးဌာနကသာတာဝန်ယူဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

2020-12-15

နိုင်ငံတစ်ဝှမ်းတွင်ရှိသည့် တည်းခိုခန်းငယ်လေးများကို ယင်းတို့နှင့်သက်ဆိုင်သည့်ဦးဖြိုးဇေယျာသော် စည်ပင်သာယာရေးကော်မတီများက ညွှန်ကြားချက်များကို ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင် ထုတ်ပြန်ပြီး ပေးပို့ခဲ့သည် ကို တွေ့ရှိရပါကြောင်း၊တည်းခိုခန်းများတွင် နိုင်ငံခြားသားများ မတည်းခိုနိုင်ရန်အတွက် ၎င်း တို့နားလည်မှုမရှိစေရန် တည်းခိုခန်း၏ အမည်များကို မြန်မာဘာသာဖြင့် ပြောင်း လဲချိတ်ဆွဲထားရန်ဆိုခြင်း ဖြစ်ပါကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငများ၊ အိမ်နီးချင်းနိုင်ငံများတွင် နိုင်ငံခြားသား Tourist များအတွက် BNB ဟုခေါ်သည့် Bed and Breakfast များသာမက Home Stay ဟုခေါ်သည့် ပုံစံမျိုးများ ခွင့်ပြုနေသည့် အချိန်တွင် မိမိတို့နိုင်ငံမှာ ရှိပြီးသားတည်းခိုခန်းများ တည်းခိုခွင့်မပြုနိုင်အောင်၊ တည်းခိုခန်းမှန်းမသိနိုင်အောင် ပုံဖျက်ထားရမလိုဖြစ်နေပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတိုးတက်ရန်အတွက်လည်း ရင်လေးစရာဖြစ်လာပါကြောင်း၊  

ထို့ကြောင့် ယခုလိုအင်မတန်နားလည်ရခက်သည့် ညွှန်ကြားချက်မျိုးကို မည်သည့်အတွက်ကြောင်‌့ ထုတ်ပြန်ရသနည်း ဆိုသည်ကို ဆက်လက်လေ့လာသည့်အခါ နိုင်ငံတွင် ဟိုတယ် သို့မဟုတ် တည်းခိုခန်းများ ဖွင့်လှစ် ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင်များ လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်းများကို ဌာနနှစ်ခုမှလုပ်ကိုင် ဆောင်ရွက်ခြင်းကို တွေ့ရှိရပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာမြို့၏ စည်ပင်သာယာရေး ကော်မတီများ ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပေးသည့် (ဟ) လိုင်စင်ဆိုလျှင် နိုင်ငံခြားသားများတည်းခိုခွင့်ရမည်၊ စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးသည့် လိုင်စင်ဆိုလျှင် ပြည်တွင်း၌ နေထိုင်သည့်သူများ တည်းခိုခွင့်ရမည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ တူညီသည့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုကို မတူညီသည့် ဌာနနှစ်ခုက ခွဲခြားလျှောက်ထားခွင့်ပြုချက်ရယူနေခြင်း၏ အကျိုးဆက်ဖြစ်ပါကြောင်း၊ လျော်ကန်မှုလည်းမရှိသကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၏ မတူညီမှုကြောင့် လုပ်ငန်းပိုင်းဆိုင်ရာတွင်လည်း ထိန်းသိမ်းရန်အတွက်၊ ကြီးကြပ်ရန်အတွက် အခက်အခဲတွေ့စေပါကြောင်း၊

ထို့အပြင် တာဝန်ခံဝန်ကြီးဌာန တစ်ခုရှိပြီးဖြစ်ပါလျက် အခြားဌာနတစ်ခုမှ သီးခြားခွင့်ပြုချက်ပေးရန် အခွင့်အာဏာရှိနေခြင်းသည် စီမံခန့်ခွဲရာတွင် အခက်အခဲဖြစ်စေရုံမျှမက လာဘ်ပေးလာဘ်ယူမှုကိုလည်း ဖြစ်ပေါ်စေရန်အတွက် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နေရာဒေသတစ်ခုတွင် တည်းခိုခန်းဖွင့်ရန်အတွက် မသင့်တော်သဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ထုတ်မပေးခြင်းကို မြို့၏စည်ပင်ထံသွားပြီး လုပ်ငန်းလိုင်စင်မရရအောင် နည်းမျိုးစုံသုံးပြီး တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေခြင်းကို တွေ့ရှိရပါကြောင်း၊ စည်ပင်တာဝန်ခံ ဝန်ကြီးဌာန (Focal Ministry) ရှိနေပါလျက်နှင့် ယင်းဌာန၏ လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေသည်မှာ ဌာနချင်းပေါင်းစပ် ညှိနှိုင်းခြင်းဟု ခေါ်ရမည်မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဥပဒေအသစ်ကို ရေးဆွဲပြီးမှ ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေသည်မှာလည်း မိမိတို့သိရှိရပါကြောင်း၊ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ယခုကဲ့သို့ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းနေသည့် အချိန်တွင် အထက်မှဖော်ပြခဲ့သလို အင်မတန်နားလည်ရခက်သည့် ညွှန်ကြားချက်မျိုးများ ထပ်မံထုတ်ပြန်ခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် ဟိုတယ်နှင့်တည်းခိုခန်းဆိုင်ရာ လိုင်စင်များကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုမှ တာဝန်ယူလုပ်ကိုင် ဆောင်ရွကရန် လိုအပ်ပါကြောင်း၊

ထို့အပြင် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် (ဟ) လိုင်စင်၊ (တ) လိုင်စင် အစရှိသည်များမှာ လက်တွေ့တွင် မလုံလောက်ခြင်းများကို တွေ့ရှိရပါကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအစရှိသဖြင်‌့ မည်ကဲ့သို့ နာမည်ဖြင့်သုံးသုံး တိကျသည့် အဆင့်အတန်း သတ်မှတ်ချက်များချမှတ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ပြုမည်ဆိုပါက ဟိုတယ်လုပ်ငန်းက ပိုမိုတိုးတက်လာမည် ဖြစ်သည့်အပြင် နိုင်ငံ့ဘဏ္ဏာငွေများလည်း တိုးပွားရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့တော် စည်ပင်သာယာရေး ကော်မတီများမှ လုပ်ငန်းလိုင်စင်များ ခွင့်ပြုနေခြင်းကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဟိုတယ် နှင့် တည်းခိုခန်းလုပ်ငန်းများ လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန Focal Ministry ဖြစ်သော ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။