(က)-ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်တ ရားမ ဒုတိယအယူခံမှု/ပြင်ဆင်မှု/ရာဇဝတ် အယူ ခံမှု/ပြင်ဆင်မှုအမှုများကိုအထက်မြန်မာပြည်တွက် မန္တလေးမြို့၌ လည်းကောင်း၊အောက်မြန်မာပြည် တွက် ရန်ကုန်မြို့၌လည်းကောင်းစစ်ဆေးပေးရန် အစီစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-16

မေးခွန်း အကြောင်းအရာ 

u myint lwin၂၀၀၅ ခုနှစ်မတိုင်မီ မြန်မာနိုင်ငံ၏တရားရုံးချုပ် High Court သည် ရန်ကုန်မြို့တွင်ရှိပါကြောင်း၊ ၎င်းအချိန်တွင် မန္တလေးမြို့တွင် မန္တလေးရုံးထိုင်တရားရုံးချုပ်၏ တရားရုံးချုပ်ခွဲ တစ်ခုရှိသည့်အတွက် အမှုသည်များအနေဖြင့် ရန်ကုန် (အောက်မြန်မာပြည်) အတွက် ရန်ကုန်တရားရုံးချုပ်တွင်လည်း ကောင်း၊ အထက်မြန်မာပြည်အတွက် မန္တလေးတရားရုံးချုပ်မှာ စီရင်ကြားနာစစ်ဆေးသဖြင့် ဥပဒေ ပညာရှင်များကိုလည်း လွယ်ကူစွာရွေးချယ်နိုင်ပြီး စရိတ်လည်း သက်သာသည့်အတွက် အဆင်ပြေပါကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ ဥပဒေ အခန်း (၃)ပုဒ်မ ၁၀ တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် နေပြည်တော်တွင်ရုံးထိုင်ရမည်၊ လိုအပ်ပါက နိုင်ငံတော်အတွင်း သင့်လျော်သည့် ဒေသတစ်ခုခုတွင် ရုံးထိုင်နိုင်သည်ဟု ဥပ‌ဒေ တွင်ပြ ဋ္ဌာန်း ထားပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေဖြင့် ရုံးခွဲကို တရားမနှင့်ဒုတိယအယူခံမှု/ပြင်ဆင်မှု/ ရာဇဝတ်အယူခံမှု/ ပြင်ဆင်မှု(တစ်ပါးထိုင်)အမှုများကို အထက်မြန် မာပြည်အတွက် မန္တလေးမြို့နှင့် အောက်မြန်မာပြည်အတွက် ရန်ကုန်မြို့များတွင် ရုံးထိုင်စစ်ဆေးပေးရန် အစီအစဉ်ရှိ/ မရှိ ကိုသိရှိ လိုပါကြောင်းမေးမြန်းခဲ့ပါသည်။