(ဆ)-မောက်မယ်မြို့နယ်၊ဟိုနမ့်ကျေးရွာအုပ်စု၊ဟိုနမ့် တိုက်နယ်(၁၆)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီး ပြန် လည်ပြုပြင်ပေးမည့်အစီအစဉ်များ၊ ဆရာဝန်နေ အိမ်နှင့် ဝန်ထမ်း နေအိမ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဟိုနမ့်တိုက်နယ်ဆေးရုံသည် ဟိုနမ့် ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုနေ ပအိုဝ်းတိုင်းရင်းသားများအတွက် အဓိကအားကိုး အားထားရသောဆေးရုံတစ်ခုဖြစ်ပြီး ယခင် ရ.လ.လ.ဖ အဖွဲ့ ငြိမ်းချမ်းရေးရယူစဉ်က တည်ဆောက်ခဲ့သော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ယခုအခါ အဆောက်အဦနှင့် အခန်းဖွဲ့စည်းမှုများမှာ ပျက်စီးယိုယွင်းလျက်ရှိပြီး ယနေ့အထိ ခေတ်မီသော အဆောက်အဦနှင့် များစွာ ကွာခြားနေပြီဖြစ်ပါကြောင်း၊ ပြန်လည်မွမ်းမံမည်ဆိုပါက အကြီးစားပြုပြင်မွမ်းမံရမည်ဖြစ်ပြီး အသစ်ဆောက်လုပ်ရန် လိုအပ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြုပြင်မွမ်းမံမှုချခဲ့သော်လည်း အကူးအပြောင်းကာလဖြစ်သည့်အတွက် ယနေ့ထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိပါကြောင်း။
ယခု လက်ရှိဆေးရုံကြီးဝင်းအတွင်း၌ မြေလွတ်၊ မြေလပ်နေရာများရှိပါသဖြင့် အသစ်ဆောက်လုပ်ခွင့် ပြုမည်ဆိုပါက ဆောက်လုပ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဟိုနမ့်တိုက်နယ်(၁၆)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီး အဆင့်မီ ပြုပြင်မွမ်းမံပေးနိုင်မည့်အစီအစဉ်များနှင့် ဟိုနမ့်တိုက်နယ်ဆေးရုံ၊ ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းများနေအိမ် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။