(ခ)-ပြည်မြို့ခုတင်(၅၀၀)အထွေထွေရောဂါကုဆေး ရုံကြီးတွင်လစ်လပ်လျက်ရှိ သောအထူးကုဆရာဝန် ကြီးများ ဖြည့်တင်းခန့်ထားရန် နှင့်လိုအပ်လျက် ရှိသောဆေး စတို၊ သွေးဌာနနှင့် ထရန်စဖော်မာ အသစ်တစ်လုံး၊မီးလိုင်းအသစ်တစ်လိုင်းချထားပေး ရန်အစီအစဉ် ရှိ၊ မရှိ မေးခွန်း

2020-12-15

ပြည်မြို့၊ ခုတင် ၅၀၀ ဆေးရုံကြီးကို ၂၀၁၅ ခုနှစ်နောက်ပိုင်းတွင် ခုတင် ၂၀၀ မှ ခုတင် ၅၀၀ အဖြစ် အဆင့်မြှင့်တင်လိုက်သောကြောင့် အဆောက်အဦ၊  ဆေးနှင့်ဆေးပစ္စည်းကိရိယာများ၊ ဝန်ထမ်းအင်အားများ အများအပြားလိုအပ်လာပါကြောင်း၊ ဖျားနာဆောင်တွင် အတွင်းလူနာအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၄၂၈၂ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၄၈၉၀ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာအထိ ၅၂၇၀ ဦး တက်ရောက်ကုသပါကြောင်း၊ ပြင်ပ လူနာအနေဖြင့်  ၂၀၁၄ ခုနှစ်တွင် ၃၈၄၇ ဦး၊ ဒေါက်တာခင်စိုးစိုးကြည်(ပြည်မဲဆန္ဒနယ်)၂၀၁၅ ခုနှစ်တွင် ၄၂၀၂ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာ အထိ ၅၂၆၂ ဦးအဖြစ် လာရောက်ပြသကြပါကြောင်း၊ ခုတင် (၅၀၀)ဖြစ်ပြီးသည့်အချိန်မှစ၍ အတွင်းလူနာနှင့် ပြင်ပလူနာပါ တိုးလာတာကို သိနိုင်ပါကြောင်း၊ ဖျားနာဆောင်ကို ကြီးကြပ်ပြီးကုသပေးနေသည့် အထူးကုဆရာဝန် ကြီးနှစ်ဦးရှိသည့်အနက် တစ်ဦးသည် Renal Training သွားရမည်ဖြစ်သည့်အတွက် တစ်ယောက်သာကျန်မည်ဖြစ်သော်ကြောင့်  မသွားရသေး ပါကြောင်း၊ ထို့ကြောင့် လိုအပ်လျက်ရှိသည့် Junior Consultant တစ်ဦးနှင့် First Assistant တစ်ဦး ချထားပေးပါရန် တင်ပြတောင်းခံရခြင်းဖြစ်ပါကြောင်း၊  ပြည်မြို့သည် ဟိုင်းဝေးလမ်းဆုံတွင် ရှိသောကြောင့်  RTA Case အပါအဝင် မှုခင်းလူနာလည်းများပါကြောင်း၊ မှုခင်းလူနာသည် ၂၀၁၄ ခုနှစ်တွင် ၃၄၅၄ ဦး၊ ၂၀၁၅ ခုနှစ်တွင်  ၃၄၂၉ ဦးနှင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ အထိ ၃၀၁၄ ဦးရှိပါကြောင်း၊ တစ်လတွင် မှုခင်းလူနာ အနည်းဆုံး ၁၉၀ မှ အများဆုံး ၃၉၅ ယောက်အထိ ကြည့်ပေးရပါကြောင်း၊ ထို့ကြောင့် မှုခင်းဆရာဝန်ကြီး  တစ်ဦး မဖြစ်မနေလိုအပ်လျက်ရှိပါကြောင်း၊ ပြည်ဆေးရုံကြီးတွင် ဆေးစတို အဆောက်အဦမရှိသောကြောင့် ဆေးစတို Parker လိုအပ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့်  Blood Bank သီးသန့်ခွဲထုတ်ပေးမည်ဆိုပါက ဓာတ်ခွဲလုပ်ငန်းများ အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ထို့အပြင် T Scan နှင့် သွေးရည်ကြည်ခွဲစက်အတွက် မီးအားအပြည့်ပေးနိုင်မည့် 315 KVA ထရန်စဖော်မာတစ်လုံးနှင့် မီးအားလိုင်း အသစ်တစ်ခုလည်း  လိုအပ်လျက်ရှိ ပါကြောင်း၊ ထို့ကြောင့် ဆေးရုံတွင်လိုအပ်နေသည့် ဆရာဝန်ကြီးများနှင့် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘတ်ဂျက်တွင်  ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။