(ဂ)-ပင်လည်ဘူးမြို့နယ်အတွင်းတောင်ကုန်းတောင် တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ ကျန်းမာ ရေးစောင့်ရှောက်မှု ပြည့်ဝစွာရရှိရေးအ တွက် နောင်တောအုပ်စု၊ တုံးမွန်း ကျေးလက်ကျန်း မာရေးဌာနအားတိုက်နယ်ဆေးရုံအဖြစ်တိုးမြှင့်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း
မိမိတို့ ပင်လယ်ဘူးမြို့နယ်သည် ရွာပေါင်း ၂၆၆ ရွာရှိပါကြောင်း၊ထိုကျေးရွာ ၂၆၆ ရွာတွင် မူးမြစ်သည် အလယ်မှဖြတ်၍ စီးစင်းပါကြောင်း၊ မူးမြစ်၏အရှေ့ဘက်ခြမ်းတွင် ရွာပေါင်း ၁၄၀ ကျော်ရှိပြီး မြို့နယ်ဆေးရုံ အပါအဝင် ဆေးရုံပေါင်း (၃)ရုံသာ ရှိပါကြောင်း၊မူးမြစ်၏ အနောက်ဘက်ခြမ်းဒေသ အမှတ်(၁)မဲဆန္ဒနယ်တွင် ရွာပေါင်း ၁၂၀ ကျော်ရှိပြီး ဆေးရုံ တစ်ရုံမှမရှိပါကြောင်း၊ သွားရေးလာရေး ခက်ခဲ တောင်ကြားဒေသဖြစ်ပါကြောင်း၊ ထိုဒေသတွင် တိုင်းရင်းသားများ နေထိုင်ကြပြီး ဆေးရုံမရှိသည့်အတွက် ဆေးရုံ ရှိစေချင်ပါကြောင်း၊ထို့အပြင် အရေးကြီးလူနာများ ဆေးရုံကို ပို့ကြမည် ဆိုလျှင်ဖြစ် အလွန်အချိန်ကြာမြင့်ပြီး အခန့်မသင့်ရင် လမ်းခရီးတွင် အသက်ဆုံးရှုံးသွားကြရသည့်ကို အကြိမ်ပေါင်းများစွာ တွေ့ရှိနေရပါကြောင်း၊ထိုဒေသကို မိမိတို့ ဝန်ကြီးဌာန မှ ဆေးရုံချထားပေးမည် ဆိုပါ က ကျေးရွာပေါင်း ၅၁ ရွာသည် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရရှိမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နောင်တောအုပ်စု၊ တုံးမွန်းကျေးလက်ကျန်းမာရေးဌာနကို အဆင့် တိုးမြှင့်၍ တိုက်နယ်ဆေးရုံအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာတွင် ထည့်သွင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။