(ဇ)-နန်းယွန်းမြို့နယ်၊ ပြည်သူ့ ဆေးရုံနှင့်တိုက် နယ်ဆေး ရုံ၊ ကျန်းမာ ရေးဌာနခွဲများ၌လိုအပ် သည့်ဆေးနှင့်ဆေးကိရိယာများ၊လစ်လပ်လျက် ရှိသောဆရာဝန်များနှင့် ကျန်းမာရေးဝန်ထမ်းများ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာတွင်ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်အကျဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်သည် မြို့သုံးမြို့နှင့်ဖွဲ့စည်း ထားခြင်းဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံမှာဖွဲ့စည်းပုံအရ ခွင့်ပြုအင်အား ၅၅ ဦးဖြစ်ပါကြောင်း၊ ပန်ဆောင်တိုက်နယ်ဆေးရုံတွင် ခွင့်ပြု ၁၄ ဦး၊ လက်ရှိတာဝန်ထမ်းဆောင်နေသည် ဝန်ထမ်းကိုးဦး၊ ဒုံးဟီး တိုက်နယ်ဆေးရုံမှာ ခွင့်ပြုအင်အား ၁၇ ဦး၊ လက်ရှိ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦး စုစုပေါင်း နှစ်ဦးသာရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းအပြည့် ချထားပေးရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊ တပ်မတော်ကုသရေးဆရာဝန်များမှ ပူးပေါင်းပါဝင်ကူညီပေး သည့်အတွက် ဒေသအတွက်များစွာ အထောက်အကူပြုပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးနှင့်ဆေးရုံသုံးပစ္စည်းကိရိယာများ လုံလောက်စွာမရှိသည့် အတွက် ဆရာ/ ဆရာမ များ နှင့် ဒေသခံများအတွက် အခက်အခဲများစွာတွေ့ရပါကြောင်း၊ တစ်မြို့နယ်လုံးရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ကျေးလက်ကျန်းမာရေးဌာနငါးခုသာရှိပြီး ကျန်းမာရေးဝန်ထမ်းများ စုံလင်စွာ မရှိပါ ကြောင်း၊ တစ်ရွာနှင့်တစ်ရွာအလှမ်းကွာဝေးသည့်အတွက် ဒေသခံများအတွက် အများကြီးနစ်နာ ဆုံးရှုံးမှုများရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုက်နယ်ဆေးရုံများနှင့် ကျေးရွာအုပ်စုများတွင် ကျန်းမာရေးဝန်ထမ်းတွေ အပြည့်အဝခန့်ထားပေးပြီး ဆေးနှင့် ဆေးကိရိယာများ အပြည့်အဝ ချထားပေးရန် နှင့် မြို့နှင့်အလှမ်း ဝေးကွာပြီး အမှန်တကယ်လိုအပ်လျက်ရှိသည့် တံခါး၊ နားလုံ၊ ဟတ်ရှိန်၊ နုလုံ၊ လုံလောင် ကျန်းမာရေး ဌာနခွဲတွေကို ကျန်းမာရေးဌာနအဆင့် ကတ်ဆန်၊ ကားလန်၊ ဆန်ကီး၊ လုံလောင်၊ နုလုံ၊ ဝန်ထုတ် စသည့်ကျေးရွာများကို ကျန်းမာရေးဌာနခွဲအဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးရန်တင်ပြလိုပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ မြို့နယ်နှင့်တိုက်နယ် ဆေးရုံ ကျန်းမာရေးဌာန၊ ဌာနခွဲများ၌ မရှိမဖြစ်လိုအပ်နေသည့် ဆေးနှင့်ဆေးကိရိယာများ အပြည့်အဝရရှိရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် လစ်လပ်လျက်ရှိ သော ဆေးရုံ၊ ဆေးပေးခန်း များတွင် ကျန်းမာရေးဝန်ထမ်းများ အပြည့်အဝ ခန့်ထားပေးနိုင်ရေး အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၍ မရှိမဖြစ်လိုအပ် လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများနှင့်ကျေးလက်ဆေးပေးခန်းများ တိုးချဲ့ဆောင် ရွက် ပေးမည့်အစီအစဉ်ရှိ/မရှိ တို့ကိုသိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။