(က)-မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)အားအခြေခံပညာအထက် တန်းကျောင်းအဖြစ်သို့အဆင့်တိုးမြှင့်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ကော့ပရံကျေးရွာသည် မွန်ပြည်နည်၊ မုဒုံမြို့နယ် ကွင်းပိုင်းရွာကြီးဖြစ်ပြီး အိမ်ခြေ ၉၉၅ လုံး၊ လူဦးရေ ၅၂၉၀ ရှိပြီး ပေါက်ဝန်ကြီးကျေးရွာလေးရွာထက် စီးပွားရေး၊ လူမှုရေး၊ ပညာရေးအစစဖွံ့ဖြိုးတိုးတက်သော ရွာကြီး တစ်ရွာ လည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ အ.ထ.က (ခွဲ) ကျောင်းသည် အခြေစိုက်ပင်မ ကျောင်းဆောင် ဖြစ်ပြီး ကျောင်းဝန်း ၃.၂၀ ဧက၊ ကျောင်းမြေအကျယ်အဝန်း စုစုပေါင်း ၅.၅ ဧက၊ အလျား ၉၉၀ ပေ x အနံ ၆၆၀ အုတ်တံတိုင်းကာရံထားပြီး ကစားကွင်း၊ ကျောင်း စိုက်ကွင်း၊ ကွက်လပ်မြေ၊ ကျောင်းမှာအလျား ပင်မဆောင် ၁၅၂ ပေ x ၂၂ ပေ x ၂၄ ပေ၊ အလျား ၁၅၀ ပေ x ၃၀ ပေ x ၁၄ ပေ နှစ်ဆောင်နဲ့ အလျား ၈၀ ပေ x ၃၀ ပေ x ၁၄ ပေ တစ်ဆောင်၊ သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်းစာသင်ခန်း ၂၄ ခန်းရှိပြီး အကျယ်အဝန်းမှာ ၃၀ ပေ x ၂၀ ပေ (၁၂) ခန်း၊ ၂၀ ပေ x ၂၀ ပေ (၁၂) ခန်းရှိပါသည်။ ဆရာစားပွဲလုံးရေ ၄၀၊ ဆရာကုလားထိုင်လုံးရေ ၅၀၊ ကျောက်သင်ပုန်း ၂၅ ချပ်၊ ခုံအပြည့်အစုံ ၁၄၀ စုံ၊ ခုံအနိမ့်ရှည် ၈၀ စုံ၊ စာရေးခုံ ၂၄ စုံ၊ ကွန်ပျူတာခန်း ရှိပါကြောင်း၊
ကျောင်းသားအချိုး ၁း၂၇ နှင့် ဆရာနှင့်စာသင်ခန်းအချိုး ၁း၁၂ ဖြစ်ပါကြောင်း၊ သောက်သုံးရေ အဝီစိတွင်းရှိပြီး အိမ်သာ ၁၇ ခန်းနှင့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်းထိ ကျောင်းသား ၃၃၈ ဦး၊ မူလတန်းအဆင့် သူငယ်တန်းမှစတုတ္ထတန်းအထိ ကျောင်းသား ၃၂၀ ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် သူငယ်တန်းမှဒသမတန်းထိ ကျောင်းသားဦးရေစုစုပေါင်း ၈၅၀ ဦး ရှိ၍ အနီးရွာချင်းဆက်ကွင်းကျေးရွာများမှ လာရောက်ပညာသင်ကြားကြသည့် ကျောင်းသားများ အတွက် အလှမ်းဝေးသော မုဒုံမြို့သို့ သွားရောက် ပညာသင်ကြားရေး များစွာခက်ခဲနေပါ၍ လက်ရှိ ကော့ပရံကျေးရွာ အ.ထ.အ (ခွဲ)ကျောင်းကို အ.ထ.က ကျောင်းအဖြစ်သို့ တိုးမြှင့်ချမှတ်ပေးပါရန် အမှန် တကယ်လိုအပ်နေပါသဖြင့် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလို ပါကြောင်းမေးမြန်းပါသည်။