(ဂ)-ဘူးသီးတောင် မြို့နယ် ညောင်ချောင်း -င/ လှမ်းပြင် မြေသားလမ်း ဖောက်လုပ်ခြင်းလုပ်ငန်း (၁၁/၄.၇၅)မိုင်အား ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာများဖြစ်သည့် ညောင်ချောင်း၊ ပြည့်ဒူမော်၊ ကျင်းချောင်း၊ သာစေ၊ မာန်အောင်၊ တို့အိုရေ၊ ဆပ်ခေါ၊ ငလက် ကျေးရွာများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ အလွန် နိမ့်ကျလျက်ရှိပါကြောင်း၊ ရေလမ်းခရီးတစ်ခုတည်းသာ အားထားနေရသဖြင့် ကျန်းမာရေး၊ ဆေးရုံ ဆေးပေးခန်းသို့ အချိန်မီမသွားရောက်နိုင်သဖြင့် အသက်ဆုံးရှုံးမှုများကို ကြုံတွေ့နေရ ပါကြောင်း၊ ၂၇-၄-၂၀၁၆ နေ့တွင် မိမိကိုယ်တိုင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများနှင့် ကွင်းဆင်းပြီးကျေးရွာလူထုများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ညောင်ချောင်း-င/လှမ်းပြင်မြေသားလမ်းကို ဖောက်လုပ်ခြင်းဖြင့်ဘူးသီးတောင် တောင်ဘက် ကျေးရွာ များဖြစ် သည် ဒေသခံပြည် သူများ ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကောင်းမွန် လာမည့်အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အထောက်အကူ ပြုနိုင်သော် ကြောင့် လိုအပ်နေမှုကို ဆောင် ရွက်ပေးနိုင်ပါရန်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင် ချောင်း-င/လှမ်းပြင်မြေသားလမ်းဖောက်လုပ်ငန်းအား ပြုလုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် မရှိပါက မည့်သည့်အတွက်ကြောင့်မရှိပါကြောင်းနှင့် ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်ပေးနိုင်မည့်အကြောင်း ကို ရှင်းလင်းဖြေကြားပေးပါရန် မေးမြန်းပါသည်။