(ဂ)-နိုင်ငံတော်အစိုးရကတာဝန်ယူစစ်ဆေးသည့် ဓာတုဗေဒ ဓာတ်ခွဲခန်းများကို ယခုထက် ပိုမိုမှန် ကန်သော၊တာဝန်ယူမှုအပြည့်အဝရှိသောအဂတိ လိုက်စားမှုမရှိသော ဓာတုဗေဒစမ်းသပ်ဓာတ်ခွဲ ခန်းများအဖြစ် စီစဉ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
2020-12-15
မေးခွန်း အကြောင်းအရာ
မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးဒဏ်ကို ကြေကွဲဝမ်းနည်းစွာ ခံစားနေရခြင်းကြောင့် တတ်စွမ်းသမျှ တားဆီးကာကွယ်ရန် အစိုးရတွင် အဓိကတာဝန်ရှိပါကြောင်းနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် ပြစ်ဒဏ်မှသက်သာစေရန် ထွက်ပေါက်တစ်ခုအဖြစ် အသုံးချခြင်းကို ကာကွယ်တားဆီးလိုခြင်းဖြစ်သည့် ပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိကို တာဝန်ယူ စစ်ဆေးပေးသော နိုင်ငံတော်အစိုးရ၏ ဓာတုဗေဒဓာတ်ခွဲ စစ်ဆေးရေးဌာနအနေဖြင့် ယခုထက် ပိုမိုမှန်ကန်သော တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသော၊ အဂတိလိုက်စားမှုမရှိသော စစ်မှန်သော အဖြေများထုတ်ပေးနိုင်သည့် ဓာတုဗေဒဓာတ်ခွဲစစ်ဆေးရေး ဌာနအဖြစ် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။