(စ)-ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ် လမ်းပိုင်းမှ အဆင့်မြှင့်တင်ရန်ကျန်ရှိသောပွန်ချောင်း၊ဆိုက်ခေါင် အပိုင်းအားမည်သည့် ဘဏ္ဍာရေးနှစ်တွင်ကတ္တရာ လမ်းပိုင်း အဆင့်ထိ ဆောင်ရွက်ပေး နိုင်မည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-16

ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ် လမ်းပိုင်းများသည် မောက်မယ်မြို့နယ်မှ တစ်ဆင့် ဟိုနမ့်-ဆိုက်ခေါင်-တောင်ကြီးသို့ လည်းကောင်း၊ ဆိုက်ခေါင်-ကျောက်တလုံး-ပင်လောင်း-နေပြည်တော် သို့လည်းကောင်း ဆက်သွယ် သွားလာနိုင်သည့် လမ်းအူကြောင်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် မောက်မယ်မြို့နယ်အပိုင်းမှာ ပွန်ချောင်းအထိ ကတ္တရာခင်းခြင်း လုပ်ငန်း ၁၁ မိုင် ၆ ဖာလုံ ဆောက်ရွက်ပြီးစီးခဲ့ပါကြောင်း၊ သို့သော် ဆီဆိုင်မြို့နယ်ဘက်ခြမ်းရှိ ပွန်ချောင်း-ဆိုက်ခေါင် လမ်းပိုင်းမှာ ဆောင်ရွက်ရန်ကျန်ရှိနေပါကြောင်း၊ ၎င်းလမ်းပိုင်းသည် ပွင့်လင်းရာသီတွင် ကုန်ကားကြီး များ အနည်းငယ်သာသွားလာနိုင်ပါကြောင်း၊ မိုးတွင်းကာလတွင်  အဆိုးဆုံးအခြေအနေဖြစ်ပြီး နှစ်ပေါင်းများစွာ ဗွက်မြေပေါက်ခဲ့သည့်လမ်းဖြစ်သည့် အတွက် မိုးရွာသည်နှင့်သွားရန် မလွယ်သည့် အနေအထား ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပွန်ချောင်း- ဆိုက်ခေါင်လမ်းပိုင်းကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ပေးပါရန် မိမိမေးမြန်းလိုသည်မှာ (၁) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆိုက်ခေါင်-ပွန်ချောင်း-မောက်မယ်လမ်းပိုင်းတွင် အဆင့်မြှင့်တင်ရန်ကျန်ရှိသော ပွန်ချောင်း-ဆိုက်ခေါင်လမ်းအပိုင်းအား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မည်သည့်အဆင့်အထိ မြှင့်တင် ဆောင်ရွက်ပေးနိုင်မည်နှင့် (၂) မည်သည့်ဘဏ္ဍာရေးနှစ် တွင် ကတ္တရာလမ်းပိုင်းအဆင့်အထိ ဆောင်ရွက်ပေးနိုင်မည် တို့ကိုသိလိုပါကြောင်းမေးမြန်းပါသည်။