(ဆ)-မြောက်ဥက္ကလာပမြို့နယ်သို့အဓိကဝင်ရောက် ရာခုံးကျော်တံတားကိုပါရမီခုံးကျော်တံတားကဲ့သို့ခိုင် ခံ့ကောင်းမွန် ပြေပြစ်သော တံတားအသစ်တစ်စင်း တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း
မြောက်ဥက္ကလာပမြို့နယ်သို့ ဝင်/ထွက်သွားလာရာတွင် အသုံးပြုသည့် အဓိကခုံးကျော်တံတားဖြစ်သော အုတ်ပုံစိမ့်မီးရထား ခုံးကျော်တံတားကို လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်ခန့်က တည်ဆောက်ထားရှိခဲ့သည်ဟု သိရှိရပါကြောင်း၊ ၎င်းတံတားကို မူလတည်ဆောက်စဉ်ကပင် ပါရမီခုံးကျော်တံတားကဲ့သို့သော အခြား ခုံးကျော်တံတားများကဲ့သို့ ပုံသဏ္ဌာန်စနစ်တကျမရှိသဖြင့် တည်ဆောက်ပြီးစ အချိန်ကပင် မီးသတ်ယာဉ်တစ်စီး ပြုတ်ကျလုမတတ်ဖြစ်ခဲ့ရပါကြောင်း၊ ၎င်းခုံးကျော်တံတားကို အသုံးပြုပြီး ရန်ကုန်တိုင်းဒေသကြီးတွင်ရှိသည့် အခြားမြို့နယ်များက လိုင်းကားများအပါအဝင် မော်တော်ယာဉ်မျိုးစုံသည် မြောက်ဥက္ကလာပမြို့နယ်အတွင်းသို့ နိစ္စဓူဝ ဖြတ်သန်းသွားလာနေကြရသော ရန်ကုန်ဆေးတက္ကသိုလ် (၂) ၏ သင်ကြားရေးဆေးရုံကြီးဖြစ်ပြီး အထွေထွေရောဂါကုဆေးရုံကြီးဖြစ်သည့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၊ အောင်မင်္ဂလာအဝေးပြေး ကားဂိတ်၊ အမှတ်(၃) လမ်းမကြီးနှင့် ရေဝေးသုဿ န်များသို့ သွားလာအသုံးပြုနေကြပါကြောင်း၊ ဤအချက်များကို ထောက်ခြင်းအားဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် အုတ်ပုံစိမ့် မီးရထားလမ်းကူး ခုံးကျော်တံတားသည် ယိုယွင်းပြီး ကြံ့ခိုင်မှုနည်းပါးနေပါသဖြင့် နေ့စဉ်အသုံးပြု နေရသော ပြည်သူများအတွက် လုံခြုံစိတ်ချမှု မရှိဖြစ်နေပါကြောင်း၊ တံတားပေါ်မှာလည်း ယာဉ်ပြုတ်ကျမှု များလည်း ရှိပါကြောင်း၊
မြောက်ဥက္ကလာပမြို့နယ်သို့ အဓိကဝင်ရောက်ရာ ခုံးကျော်တံတားကို ပါရမီခုံးကျော်တံတားကဲ့သို့ ခိုင်ခံ့ကောင်းမွန် ပြေပြစ်သော တံတားအသစ်တစ်စင်းအဖြစ် ပြုပြင်တည်ဆောက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် တည်ဆောက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။