(ဇ)-မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ကားလမ်း (၂၁၈)မိုင်အားမော်တော်ယာဉ်များရာသီမရွေးသွား လာနိုင်ရန်တည်ဆောက်ပေးနိုင်ရေးအစီအစဉ်ရှိ/မ ရှိနှင့် မိုင်တိုင် ၉၂/၀ မှ ၁၆၁/၀ ကြားရှိရွှံဗွက်တန်း ကို မည်ကဲ့သို့ ဆောင်ရွက်မည်ကိုသိလိုခြင်းနှင့်စပ် လျဉ်းသည့် မေးခွန်း
မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီးသည် ၂၁၈ မိုင်ရှိသော ပြည်ထောင်စုလမ်းမကြီးဖြစ်ပါ ကြောင်း ၊ သို့သော် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို ပြည်ထောင်စုလမ်းမကြီးသည် နှစ်ပေါင်း များစွာတည်ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ် စက်တင်ဘာလအလယ်အထိ နွေ၊ မိုး၊ ဆောင်း ရာသီမရွေး မော်တော်ကားကြီး/ကားငယ် သွားလာနိုင်သောလမ်းအဖြစ် တည်ဆောက်ပေးနိုင်ခြင်းမရှိ သော ကြောင့် ပူတာအိုခရိုင်ရှိ ဒေသခံပြည်သူလူထုများမှာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး များနှင့် ဒေသဖွံ့ဖြိုးမှုအင်မတန်နောက်ကျခဲ့ရသည် ကို တွေ့ရပါကြောင်း၊
မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအိုပြည်ထောင်စုလမ်းမကြီးသည် ပွင့်လင်းရာသီတွင် ကုန်ကားကြီးများ သွားလာနိုင်ပြီး မိုးရာသီကာလတွင် ကုန်ကားကြီးများ သွားလာနိုင် ခြင်းမရှိသောကြောင့် ဒေသခံပြည်သူများမှာ စားသုံးကုန်များကို ဈေးကြီးစွာ ဝယ်ယူ စားသုံးနေရပါကြောင်း၊
ထို့ကြောင့် မိမိသိလိုသည်မှာ (၁)မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းမကြီး အား မော်တော် ကားကြီး/ကားငယ် ရာသီမရွေးသွားလာနိုင်ရန် တည်ဆောက်ပေးဖို့အစီအစဉ်ရှိ/မရှိ၊ (၂) ၎င်းပြည်ထောင်စုလမ်းမကြီးပေါ်ရှိ အဆိုးဆုံး ရွှံ့ဗွက်တန်းကို မည်ကဲ့သို့စီမံကိန်းအမျိုးအစား ဆောင်ရွက်ပေးမည်နည်း။ (၃) ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ကုမ္ပဏီအမျိုးအစားဖြင့် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် (၄) ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်မှစပြီး မည်သည့်အချိန်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ပေးမည်ကို သိလိုသောကြောင့် မေးမြန်းပါသည်။